နေပြည်တော်ကို ဗုဒ္ဓဘုရားရှင် ကြွချီခဲ့

Thursday, October 11, 2012


~





နေပြည်တော်ကို ဂေါတမမြတ်စွာဘုရား ကြွချီခဲ့ဖူးတယ်လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

ဆောင်းပါးရှင်က ဒေါက်တာခင်မောင်ညွန့် ဖြစ်ပါတယ်။

မြစိမ်းတောင်ကို ကြွရောက်ခဲ့တာလို့ ဆိုပါတယ်။

မြစိမ်းတောင် ဆိုတာ ပဲခူးရိုးမရဲ့ အစွယ်တခု ဖြစ်တယ်၊ နေပြည်တော် ပျဉ်းမနား-တောင်ညို အဝေးပြေး လမ်းမကြီးရဲ့ ၂၃ မိုင်မှာ တည်ရှိပါတယ် တဲ့။

စာရေးသူဟာ နေပြည်တော်မှာ အခြေခံဥပဒေ မူကြမ်းကို ၃ လ ကြာ ရေးဆွဲစဉ်က မြစိမ်းတောင်ကို ရောက်ခဲ့တယ်လို့ ဆောင်းပါးကို အစချီ ရေးထားတာပါ။

သတင်းစာဆောင်းပါးကို http://3.bp.blogspot.com/-RTh9GBHTB1M/UHZKmL5du-I/AAAAAAAAQe8/Q-AsWut8jYY/s1600/009oe+mpf+88.jpg မှာ ဖတ်ရှုနိုင်ပါတယ်။

 









-

2 comments :

  1. Anonymous said... :

    ဒေါက်တာ သန်းထွန်းရှိရင်တော့ ဒီ ဒေါက်တာခင်မောင်ညွန့်ကို ဆူမှာ သေချာတယ်။ န၀တ နအဖ ခေတ်တစ်လျှောက်လုံးလည်း သမိုင်းကို စစ်အာဏာရှင်တွေ အလိုကျ ဖားပြီး လိုသလို ကောက်ချက်ဆွဲတယ်။
    သူ စာပြတဲ့ အပြည်အပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်မှာလဲ နိုင်ငံခြားသားတွေက သူ့ကို သမိုင်းလိမ်ပါမောက္ခအဖြစ် သတ်မှတ်ကြတယ်။ နာမည်ကောင်း မရဘူး၊ စစ်မှန်တဲ့ သမိုင်းပညာရှင်အဖြစ် ကမ္ဘာမှာလဲ မကျော်ကြားဘူး။
    ဒေါက်တာ မတင်ဝင်းလဲ န၀တ နအဖအလိုကျ သမိုင်းကို လိုသလိုဆွဲရေးလို့ ခု ဘယ်မလဲ သူ့နာမည်။
    ပညာရှင်တွေ လုပ်နေပြီး ဖောက်ပြန်တဲ့ အလုပ်တွေ လုပ်ရင် ပြည်သူက ဒဏ်ခတ်သွားလိမ့်မယ်။

  1. Anonymous said... :

    ဒေါက်တာကြီးအဖားလွန်သွားတာမှာဘုရားက:-) ယခုနေရာတွင်နောင်ပွင့်မည့်ဘုရားအလောင်းဗိုသန်းရွှနေပြည်တော်တည်ပြီးကြက်ပြေးမင်းဆက်အုပ်ချုပ်မည်ဟုဗျာဒိတ်လည်းရှိခဲ့ကြောင်းပါ။:-) အမှန်တွင်ဘုရားရှင်သည်ပွင့်တော်မူရာမှမိုင်၂၀၀အတွင်း၌သာ သာသနာပြုတော်မူခဲ့ကြောင်းအထောက်အထားခိုင်မာစွာရှိကြောင်းစာမဖတ်သောပညာရှိကြီးခင်ဗျား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved