နန်းခင်ဇေယျာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်

Tuesday, October 23, 2012




ရွက်စိမ်း ~



မြန်မာပြည်ရဲ့သတင်းလောကမှ အခုတစ်လော ခေတ်စားနေသူ တစ်ယောက်ကတော့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ  ကျင်းပခဲ့တဲ့  Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဖြစ်ပါတယ်။

သူက  People Choice Award နဲ့  Miss Internet Award ဆုနှစ်ခုကိုရရှိခဲ့သူပါ။

     ဆုတွေ ပိုက်လာတဲ့ နန်းခင်ဇေယျာ မြန်မာပြည်ကို ဒီမနက်  ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

သူ့ရဲ့ ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို  မနက်ဖန် (ဗုဒ္ဓဟူးနေ့) နေ့လယ် (၂)နာရီ မှာ ပြုလုပ်ပါမယ် တဲ့။ နေရာကတော့ ရန်ကုန် သုဝဏ္ဏမှာ  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်  အစည်းအဝေးခန်းမမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာပြည်က Facebook အသုံးပြုသူတွေရဲ့စာမျက်နှာတွေမှာ သူနဲ့ပတ်သက်တဲ့ သတင်းအတော်များများကို တွေ့ကြရမှာပါ။ နန်းခင်ဇေယျာ ဆုရတဲ့အတွက် သူ့ကို အားပေးခဲ့တဲ့ ပြည်သူတွေ၊့ Facebook အသုံးပြုသူတွေက ၀မ်းသာ ပျော်ရွှင်နေကြပါပြီ။

    “အောင်မြင်မှုဆိုတာက လူတိုင်းက အောင်မြင်ချင်ကြတယ်။ ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားကြတယ်။ ညီမကတော့ အခက်အခဲ ကြုံလာရင် ဖြတ်ကျော်ပြီး မဆုတ်မနစ် ကြိုးစားရင် အောင်မြင်မှုတွေရရှိမှာ ယုံကြည်တယ်” လို့ နန်းခင်ဇေယျာက ပြောပါတယ်။














-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved