မြန်မာပြည်မှာ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ခွဲ ဖွင့်ရန်ရှိ

Wednesday, October 24, 2012


ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်- အမေရိကန်ပြည်ထောင်စု၊ ဓာတ်ပုံ- ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် စာမျက်နှာ

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်တွင်း မီဒီယာများနှင့် ပြည်ပအခြေစိုက် သတင်း မီဒီယာများ နှင့် တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ တက္ကသိုလ်ခွဲ ဖွင့်လှစ်ဖို့ အတွက် တာဝန်ရှိ သူတွေ ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သမ္မတကြီးရဲ့ ပြောကြားချက် အရ တိုင်းပြည် ဖွံ့ဖြိုးမှုဟာ တိုင်းပြည် သံယံဇာတ အပေါ်မှာ မမူတည်ပဲ၊ လူ့စွမ်းအား အရင်း အမြစ် ပေါ်မှာ မူတည်နေ တာကြောင့် ပြည်တွင်းရဲ့ ပညာရေး စနစ်ကို မြှင့်တင်ဖို့ လိုအပ်လျက် ရှိတယ်လို့ ပြောကြားခဲ့တာကို MRTV 4 သတင်းကလည်း ဖော်ပြသွားခဲ့ပါတယ်။ 


ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ တာဝန်ရှိသူတွေနဲ့လည်း ထပ်မံ ဆွေးနွေးခဲ့ပြီး ပြည်တွင်းက ပညာထူးချွန် တဲ့ ကျောင်းသား ကျောင်းသူတွေကို အဆိုပါ တက္ကသိုလ်မှာ ပညာတော်သင် စေလွှတ်ဖို့ထိ ဆွေးနွေးပြိး သဘောတူညီမှုအရ ကျောင်းသား ၃၀ ဦးကနေ ၄၀ ဦးထိ တက်ရောက် ပညာသင်ကြားမှုကို လက်ခံဖို့ ရှိတယ်လို့ဆိုပါတယ်။ 

မြန်မာ့ ပညာရေး ဖွံ့ဖြိုးရေးကိစ္စနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်တုန်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင် တန် မြန်မာပြည်လာတုန်းကလည်း ဆွေးနွေးခဲ့ပါသေးတယ်။ 

အမေရိကန်နိုင်ငံကို သွားရောက်ကျောင်းတက်ရေးမှာ စာရိတ် ကြီးမားတာကြောင့် တဖက်မှာ လည်း ပြည်တွင်း မှာ လာရောက် ဖွင့်ဖို့ ဆွေးနွေးနေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာလည်း ပိတ်ထားတဲ့ တက္ကသိုလ် ၃ ခုရှိနေပြီးဖြစ်တာကြောင့် နေရာအရ အဲဒီလို တက္ကသိုလ် 
တွေဖွင့်လှစ် မယ်ဆိုရင် အဆောက်အဦရှိပြီးသားဖြစ်လို့ အဆင်ပြေမယ့် အနေအထားရှိပါတယ်။ 

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ကြီးရဲ့ တက္ကသိုလ်ခွဲတွေကလည်း ပြည်ပနိုင်ငံတချို့မှာ ၉ ခု အထိ ဖွင့်လှစ်
ပြီးဖြစ် တာကြောင့် မြန်မာပြည်မှာသာ ထပ်မံ ဖွင့်လှစ်နိုင်မယ်ဆိုရင် ၁၀ အထိ ဖြစ်လာနိုင်ပါတယ်။ 

အမေရိကန် နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ တက္ကသိုလ်ခွဲကို ပြည်တွင်းမှာ လာရောက် ဖွင့်လှစ် ဖို့ ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ 

မြန်မာ့ပညာရေးစနစ်မှာ အင်္ဂလိပ်စာ အဆင့်မြင့်ရေးနဲ့ နောက်ပိုင်း ၁၂ တန်း ပညာရေးစနစ်ကျင့်သုံးရေး တို့အပါအ၀င် ပညာရေး အဆင့်အတန်း မြင့်မားဖို့အတွက် ဘတ်ဂျက် သုံးစွဲမှုကိုလည်း တိုးမြှင့်သွားဖို့ ရှိတယ်လို့ အစိုးရသစ်က ဆိုထားပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved