အဲမလီ
ဒီဥပဒေဟာ မသန်စွမ်းသူ တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ဥပဒေဖြစ်ပြီး ဥပဒေမူကြမ်း အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၃သိန်းဟာ မသန်စွမ်းသူဦးရေဖြစ် ကြောင်း မသန်စွမ်းမှုဆိုင်ရာ သုသေတန စာတန်းများ လေ့လာပြုစုသူ တဦးဖြစ်တဲ့ ဆလိုင်းဘာ တီဗွေးမှ ပြောကြားခဲ့ပါတယ်။
လူမှုပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်းတွေကြားမှာ မသန်စွမ်းသူတွေအပေါ် အထင်အမြင်သေးမှု ၊ ပစ်ပယ် ထားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးမှာလည်း မသန်စွမ်းကိစ္စတွေဟာ အနည်းနဲ့ အများ ပါဝင်ပတ်သတ်မှုတွေ ရှိနေပါတယ်။
နိုင်ငံမှာလဲ ဒီမသန်စွမ်း အရေးကိစ္စဟာ သာမန် မိသားစုတစု ကိစ္စ ၊ လူ့အဖွဲ့အစည်းကိစ္စ လို့သဘောမ ထားဘဲ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်လာပါ ပြီ။ ဒါကြောင့်လည်း နိုင်ငံတော်အနေနဲ့ သူတို့အပေါ် စေတနာထားပေးဖို့ ၊ မသန်စွမ်းသူ အဖွဲ့အစည်း တွေကို လွတ်လွတ်လပ်လပ် ဖွဲ့ပေးဖို့နဲ့ မသန်စွမ်း သူတွေ ပြောနေတဲ့ စကားအသံတွေကိုလည်း နားထောင်ပေးဖို့ ၊ ဒီလိုနားထောင်ပြီး ဘယ်လိုဆောင် ရွက်ပေးနိုင်မလဲ ဆိုတဲ့ လမ်းကြောင်းကို ရှာဖွေတာဟာ အကောင်းဆုံးပါဘဲလို့ ကိုယ်အင်္ဂါမ သန်စွမ်း သူများအသင်းရဲ့ ဥက္ကဌ ဦးမြတ်ဦးက ရှင်းပြပါတယ်။
မသန်စွမ်းမှုဆိုင်ရာ အတွေ့အကြုံ အသိအမြင်ဖလှယ်ခြင်း ဆွေးနွေးပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာနမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ပြည်ထောင်စု ဒုဝန်ကြီး ဦးဘုန်းဆွေ တက်ရောက် ခဲ့ပါတယ်။ ဒီအခန်းအနားမှာ မသန်စွမ်းသူများ အသင်းအဖွဲ့တွေဖြစ်တဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ၊ Hussman Foundation ၊ SMIF နဲ့ မသန်စွမ်းမှုဆိုင်ရာ သုသေတနစာတန်းကျောင်း တို့မှ မသန်စွမ်းမှုဆိုင် ရာ အတွေ့အကြုံ အသိအမြင်တွေကို ဆွေးနွေး တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မသန်စွမ်းသူနဲ့ပတ်သတ်ပြီး အဖွဲ့အစည်းတွေ ရှိနေပေမယ့် တကယ်စာတန်းပြုစုပြီး မသန်စွမ်းသူတွေရဲ့ အခက်အခဲတွေ အသေးစိပ်လုပ်နိုင်တဲ့ Research လုပ်ဆောင်မှုတွေ နည်းပါး နေကြောင်း အခမ်းအနားမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ မှတ်တမ်းများအရ မသန်စွမ်းမှုတွေမှာ အများဆုံး ဖြစ်တဲ့ ဥာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှုက ( ၄၂ % ) ကိုယ်အင်္ဂါမသန်စွမ်းမှု ( ၃၉%) ၊ အမြင်အာရုံမသန်စွမ်းမှု ( ၁၀%) ၊ အကြားအာရုံ မသန်စွမ်းမှု (၆%) နဲ့ ကလေးများနဲ့ ပတ်သတ်တဲ့ မသန်စွမ်းမှု (၃%) တို့တွေ့ရှိရကြောင်း သုသေတန စာတန်းကျောင်း မှ ရှင်းပြပါတယ်။
0 comments :
Post a Comment