သမ္မတ ဦးသိန်းစိန် တောင်ကိုရီယား သွားမယ်

Thursday, October 4, 2012


 သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စကားပြောဆိုနေစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

သမ္မတ ဦးသိန်းစိန်သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တောင်ကိုရီယားနိုင်ငံကို လာမည့် အောက်တိုဘာလ ၈ ရက်နေ့ တွင် အလည်အပတ် သွားရောက်ရန် ရှိကြောင်း သတင်းရပါတယ်။ 

အခု သွားမယ့် တောင်ကိုရီးယား ခရီးစဉ်ဟာ ခန့်မန်းခြေအားဖြင့် ၃ ရက်၊ ၄ ရက်လောက် ကြာမှာဖြစ်တယ် လို့ သိရပါတယ်။ 

 တောင်ကိုရီယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားမှုနဲ့ အခုလိုသွားတာ ဖြစ်တယ်လို့ သိရပြီး မကြာခင် က သမ္မတ လီမြောက်ဘတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းက ဦးသိန်းစိန်ကို တောင်ကိုရီယား နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ကြားခဲ့တာလို့ ဆိုပါတယ်။ 

အမေရိကန် ပြည်ထောင်စု ခရီးစဉ်က အပြန် မကြာသေးမီမှာပဲ အခုလို တောင်ကိုရီယား ခရီးစဉ်ကို စတင်မှာ ဖြစ်ပါ တယ်။

2 comments :

  1. Anonymous said... :

    ကောင်းပါတယ်။ လူ့ကျင့်ဝတ် ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ နိုင်ငံတွေနဲ့ပေါင်းရင် သမတကြီးဖြစ်ချင်တဲ့ ခေတ်မှီနိုင်ငံတော်ကြီး ဖြစ်လာမှာပါ။
    အရင်အစိုးရလက်ထက်က မိစ္ဆာဝင်ရိုးတန်းလို့ ခေါ်တဲ့ လူမိုက်နိုင်ငံတွေနဲ့ ပေါင်းတော့ တိုင်းပြည်လဲ မွဲ။ နိုင်ငံလဲ ပုံရိပ်ပျက်ယွင်း။ ပြည်သူတွေလဲ ကူလီဘ၀နဲ့ သူများနိုင်ငံတွေမှာ ကျွန်ခံရနဲ့ နောက်ဆုံးပတ်စ်ပို့ပါ မျက်နှာငယ်ခဲ့ရပါတယ်။

  1. Anonymous said... :

    welcome Mr.President~^^

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved