ရခိုင်တိုင်းရင်းသားများအရေး ဆန္ဒထုတ်ဖော်

Thursday, October 25, 2012


 ဓာတ်ပုံ-ဧရာဝတီ~
သတင်း မေစစ်ပိုင်~

 အောက်တိုဘာ ၂၅၊ ၂၀၁၂ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများအမြန်ဆုံးငြိမ်းချမ်းစေရေး ဆုတောင်းပွဲနှင့် ဆန္ဒဖော်ထုတ်မှုတရပ်ကို ယနေ့ နေ့လည်၁နာရီမှ စတင်ကာ ဆူးလေဘုရားနှင့် မြို့တော်ခန်းမရှေု့တွင် ရခိုင်တိုင်းရင်းသားလူမျိုးများဦးဆောင် ပြုလုပ်ခဲ့သည်။

 ဆန္ဒထုတ်ဖော်ရာတွင် ရခိုင်လူမျိုးများအား ဘင်္ဂလီများရန်မှကာကွယ်ပေးရန်၊ စစ်တပ်မှ တိုင်းရင်းသား လူမျိုးများအား ပစ်ခတ်သတ်ဖြတ်နေခြင်းကိုရပ်တန့််ရန်၊ ဘင်္ဂလီလူမျိုးများနှင့် အတူတကွလုံးဝ မနေနိုင်   ကြောင်း၊ သမ္မတကြီးအား ရခိုင်တိုင်း ရင်းသားအရေးပြတ်သားစွာဆောင်ရွက်ရန်၊ ဘင်္ဂလီများကိုမောင်း ထုတ်ပေးရန်၊ တိုင်းရင်းသားများစည်းလုံးကြရန်၊ ရခိုင် တိုင်းရင်းသားများ အရေးသည်ပြည်ထောင်စု အရေးဖြစ်ကြောင်း၊ ၁၉၈၂အက်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်ရန်၊ လွှတ်တော်တွင်းမှ ဘင်္ဂလီအမတ်များကို ချက်ချင်းဖြုတ်ချပေးရန်တို့ကို သံဃာတော်များနှင့် ရခိုင်လူမျိုးများကကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူ အရှင်ပညာသာမိက '' ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာတွေကို   ငြိမ်းချမ်းစေဖို့အတွက် ငြိမ်းချမ်းစွာနဲ့ဆုတောင်းတယ်၊ လိုချင်တဲ့အချက်အလက်တွေကို သမ္မတကြီးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတောင်းဆိုတယ်'' ဟုပြောသည်။ 

ယင်းအရေးနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဌ လွှတ်တော် ကိုယ်စားလှယ်   ဒေါက်တာအေးမောင်က '' 'ဒီကိစ္စက လူငယ်တွေလုပ်ကြပါလိမ့်မယ်၊ ကျွန်တော်တို့တော့ ဝင်မစွက်ဖက်   တော့ပါဘူး'' ဟု ဆန္ဒထုတ်ဖော်သည့်နေရာတွင်ပြောကြားသည်။ 

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင်သံဃာတော်များနှင့်ရခိုင်တိုင်းရင်းသားများက မေတ္တာပို့အမျှဝေခြင်းကို နေ့လည်  ၂နာရီတွင် သံပြိုင်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့သည်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved