အမေရိကန် ဒု ဘဏ္ဍာရေး ၀န်ကြီး မြန်မာနိုင်ငံခရီးစဉ် ကြေညာချက်

Friday, October 26, 2012

 အမေရိကန် ဒု ဘဏ္ဍာရေး ၀န်ကြီး နီးလ် အက်စ် ပိုလန်အား သမ္မတ ဦးသိန်းစိန် လက်ခံတွေ့ဆုံစဉ်၊ ဓာတ်ပုံ၊ သမ္မတရုံး အင်တာနက်စာမျက်နှာ

အမေရိကန် ဒု ဘဏ္ဍာရေး ၀န်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ယနေ့ အောက်တိုဘာလ ၂၆ ရက် 
နေ့စွဲဖြင့် ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ရန်ကုန် အမေရိကန် သံရုံး အဖေ့စ်ဘုတ် စာမျက်နှာပါ ကြေညာချက် အပြည့်အစုံကို အောက်မှာ ဖော်ပြ ထားပါတယ်။ 


အမေရိကန် ဒု ဘဏ္ဍာရေး ၀န်ကြီး မစ္စတာ နီးလ် အက်စ် ပိုလန်နဲ့ အဖွဲ့ကို အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် သမ္မတ ဧည့်ခန်းမမှာ သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ပါတယ်။

အမေရိကန် ဒု ဘဏ္ဍာရေး ၀န်ကြီးနှင့် အဖွဲ့ဟာ ခရီးစဉ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအ၀င် အစိုးရ ၀န်ကြီးတွေ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved