ဧရာဝတီဖိုရမ်မှာ ၀င်ရောက် ဆွေးနွေးနိုင်ပါပြီ

Friday, October 26, 2012


-
 


ဧရာဝတီ ပင်မစာမျက်နှာ menu bar မှာ ရှိတဲ့ ဖိုရမ်ကနေ ၀င်ရောက် ဆွေးနွေးနိုင်ပါပြီ
အကြောင်းအရာအများအပြားကို ဆွေးနွေးနိုင်မယ့် ဧရာဝတီဖိုရမ်ကို ဒီကနေ့ပဲ အစပြုလိုက်ပါပြီ။
 

burma.irrawaddy.org/forum

ဖိုရမ်အတွက် ပထမဆုံး ရွေးချယ်လိုက်တဲ့ အကြောင်းအရာကတော့ လတ်တလော အများစိတ်ဝင်စားတဲ့ ရခိုင်ဒေသက ဖြစ်ရပ်အကြောင်းပါပဲ။

ရခိုင်ဒေသမှာ တကြော့ပြန် အကြမ်းဖက်မှုများပေါ် အစိုးရရဲ့ ကိုင်တွယ်မှုများ၊
အကြမ်းဖက်မှုနဲ့ ပဋိပက္ခ ထိန်းချုပ်ဖို့ ပါဝင်ရမယ့် လုံခြုံရေးတပ်ဖွဲ့များရဲ့  ကဏ္ဍတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ပါတယ်။

ရခိုင်ဒေသပဋိပက္ခနဲ့ ပတ်သက်ပြီး မကြာသေးခင်က ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးတခုမှာ စာဖတ်သူတဦးက အခုလို မှတ်ချက်ပြုထားပါတယ်။

 မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ အတူ ပူးပေါင်းနေထိုင်တာ ဘာပြဿနာမှ ကြီးကြီးမားမား မဖြစ်ပါဘူး။
အခုဟာ အစ္စလာမ်အမည်ခံ အကြမ်းဖက်တွေကြောင့် ဖြစ်ရတာလို့ မြင်ပါတယ်။
အစွန်းရောက်အကြမ်းဖက်တွေအနေနဲ့ အစ္စလာမ် အမည်ကိုအ လွဲသုံးပြီး အဖျက်လုပ်ငန်းတွေ လုပ်နေကြတာပါ။
အမှန်တကယ် အစ္စလာမ်ဘာသာကို ယုံကြည်သက်ဝင်သူတွေ ဆိုရင် ဒီလိုမျိုး အကြမ်းဖက်မှုတွေ ပေါ်လာစရာ မရှိပါဘူး။

ရခိုင်မှာ ဖြစ်နေတဲ့ပြဿနာဟာ ကချင်မှာဖြစ်နေတဲ့ပြဿနာထက် စိုးရိမ်ဖို့ကောင်းပါတယ်။
ကချင်မှာက တစ်ဘက်ဘက်က အလျှော့ပေးလိုက်ရင် စစ်ပွဲတွေ ပြီးသွားနိုင်ပါတယ်။
ရခိုင်မှာက ဒီလိုမျိုး ရန်ငြိုးတွေ ပြေပျောက်ဖို့ ဆိုရင် တရားဥပဒေ စိုးမိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေချင်ပါတယ်။
ဥပမာ…စစ်တပ် သို့မဟုတ် ရဲတွေကို လက်နက်အပြည့်အစုံ၊ အစားအသောက် အပြည့်အစုံနဲ့ နေရာပေးပြီး ထိန်းသိမ်းခိုင်းသင့်ပါတယ်
တပ်နဲ့ရဲတို့ရဲ့ ဆောင်ရွက်ချက်ကို စောင့်ကြည့်နေဖို့ ဘာသာရေး ခေါင်းဆောင်တွေကို ထားရှိသင့်ပါတယ်။ ဒါမှ ရခိုင်က လူသားတွေ ကောင်းကောင်းမွန်မွန် နေရမှာပါ။
စစ်တပ်နဲ့ရဲကို ဟန်ပြထားတဲ့ ပုံစံမျိုး မဟုတ်ဘဲ တကယ့်ကို ထောက်ပံ့မှု အပြည့်အ၀ ပေးထား၊ စည်းကမ်းဖောက်ရင်လဲ ထိရောက်တဲ့ပြစ်ဒဏ်ပေး၊ ဆုပေး ဒဏ်ပေး စနစ်နဲ့ထား။
ဒါဆိုရင် ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းပါလိမ့်မယ်။

အစိုးရ အာဏာပိုင်တို့ကလည်း စာနယ်ဇင်းတွေကို စောင့်ကြည့်နေတဲ့အတွက် ဧရာဝတီဖိုရမ်မှာ ဖော်ပြမယ့် စာဖတ်သူတို့ရဲ့ အမြင်တွေကလည်း သူတို့ဆီကို သေချာပေါက် ရောက်မှာပါ။
ကိုယ့်အမြင်၊ ကိုယ့်အယူအဆကို ဧရာဝတီဖိုရမ်မှာ ၀င်ရောက် ဆွေးနွေး၊ ချပြဖို့ ဖိတ်ခေါ်ပါတယ်။


ကနဦး ၀င်ရောက် ဆွေးနွေးတဲ့ စာဖတ်သူ နှစ်ဦးရဲ့ အမြင်တွေကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။

ခိုင်ထူးလင်း

ဒီကိစ္စဟာ သာမန်ဖြစ်ရိုး ဖြစ်စဉ် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ နောက်ကွယ်မှာ ကြိုးကိုင်တဲ့ အဖွဲ့အစည်းတွေ အာဏာရှိသူတွေ ငွေရှိသူတွေ မဖြစ်မနေ ပါဝင်နေမှာပါ။
 ဒီကိစ္စကို တာဝန်ရှိသူတွေ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်အောင် ဖြေရှင်းပေးကြပါ။

ရိမ်လွမ်းရာ

ဒီကိစ္စက အရေတကြီးနဲ့ သေချာဆုံးဖြတ်လုပ်ရမယ့်ကိစ္စပါ.. ကျနော်က ဘာသာရေးအစွဲမရှိပါဘူး…
ငယ်တုန်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေထဲမှာလည်း မွတ်ဆလင်တွေလည်း ပါပါတယ်..
ဒါပေမဲ့ တခြားနိုင်ငံက အဖြစ်အပျက်တွေမြင်ပြီး နောက်ပိုင်း ရင်မောမိတာအမှန်ပဲ…
လောလောဆယ် ဖိလစ်ပိုင်နဲ့ ထိုင်းမှ ဖြစ်နေတာကြည့်ရင်သိသာပါတယ်..
နောက်ပြီး အရင်က ဗုဒ္ဓသာသနာထွန်းကားခဲ့တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား ဘယ်လိုဖြစ်နေပြီလဲဆိုတာ ဆန်းစစ်ဖို့ လိုပါမယ်…
ဘာသာရေးစွဲလမ်းမှုမရှိပါဘူး. ဒါပေမဲ့ ကောင်းမွန်တဲ့ ဘာသာရေးကိုသာ လိုလားပါတယ်…




ဧရာဝတီဖိုရမ်
burma.irrawaddy.org/forum 





















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved