တူရကီ C - 130 စစ်သုံး လေယာဉ်တစီး၊ ဓာတ်ပုံ- flickr.com
အဆိုပါ လေယာဉ် ၂ စီး ဆိုတာ C - 130 လေယာဉ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဒုက္ခခံစားနေရတဲ့ လူမျိုး၊ ဘာသာမရွေး ကူညီထောက်ပံ့မှုများအတွက် ထောက်ပံ့ ပစ္စည်းတွေ သယ်လာတဲ့ လေယာဉ်တွေ
ဖြစ်တယ် လို့ ဆိုပါတယ်။
အဆိုပါ လေယာဉ်ကြီးတွေနဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မှာ စစ်တွေကို အစိုးရ ရဲ့အစီအစဉ်နဲ့ လေကြောင်း ချာတာများဖြင့် အနည်းဆုံး ၃ ခေါက် သယ်ပို့ရမယ် လို့ ရေးသား ထားပါတယ်။
"(၄) စုစုပေါင်း တန်ချိန်(၃၀) အလေးချိန်ရှိသော စားသောက်ကုန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- -
Candy 2280 Boxes -
Food 960 Parcels -
Biscuit 11000 Bags -
Slipper 500 Boxes -
Clothing 1000 Packages -
Toy 500 Boxes
(၅) လေဆိပ်တွင် စနစ်တကျ စစ်ဆေးပြီးမှ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။
(၆) ပြည်သူများ စိုးရိမ်ပူပန်မှု မရှိကြစေရန် အသိပေးအပ်ပါသည်။"
မှူးဇော်၏ စာမျက်နှာပါ ဖော်ပြချက်ဖြစ်ပါတယ်။ "မှူးဇော်" ခေါ် ဦးဇော်ဌေးသည် သမ္မတရုံး ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။
မှတ်ချက်။ ။ အထက်ပါ သတင်းကို ည ၈ နာရီ နိုင်ငံတော် သတင်းစဉ်များမှာ ကြေညာရှင်းလင်း သွားခဲ့ပါတယ်။
0 comments :
Post a Comment