ကချင်ဒုက္ခသည်အတွက် တောင်ကြီးမြို့ရဲ့ အလှူ

Sunday, October 28, 2012







ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~


တောင်ကြီးမြို့ ငြိမ်းချမ်းခြင်း အနုပညာပြပွဲမှ ရရှိသည့် အလှုငွေ ကျပ်(၂၁) သိန်း နှင့် အ၀တ်အထည် ဆေးဝါးတို့ကို ကချင်ဒုက္ခသည်များထံ မကြာသေးမီက သွားရောက် ပေးအပ်ခဲ့သည်။

စစ်ဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်းခဲ့သူ ကိုမြတ်သုန်က အောက်ပါအတိုင်း ပြောပြသည်။
- ပြပွဲကို အောက်တိုဘာ ၁ရက်မှ ၅ ရက်ထိ  ကျင်းပပြုလုပ်ခဲ့ကြောင်း၊
- အောက်တိုဘာ ၁၆ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် အနီးတ၀ိုက်  ဒုက္ခသည်စခန်းများ၏ လိုအပ်ချက် နှင့် အလိုအပ်ဆုံး အခြေအနေတို့ကို လေ့လာခဲ့ကြောင်း ၊
- နောက်တနေ့မှ စတင်ပြီး နန်းလှိုင် ဒုက္ခသည် စခန်းရှိ လူဦးရေ (၁၀၁) ယောက်အား ဆန်၊ ဆီ၊ ဆား နှင့် ငွေသား  (၁၅) သိန်းလှုဒါန်းပေးခဲ့ကြောင်း၊
- တောင်ကြီးမြို့မှ စေတနာရှင်မိဘပြည်သူများ လှူဒါန်းသည့် အ၀တ်အထည် ၊ဖိနပ်၊ စသည်တို့လည်းတစ်ဦးချင်းစီအား ပေးအပ်ခဲ့ကြောင်း၊ 
- ပန်းချီဆရာတို့က ဒုက္ခသည်များနှင့် အတူတူ အိပ်စက်ခဲ့ကြောင်း၊ အတူနေစဉ်အတွင်း ယင်းတို့ စိတ်သောက ကင်းဝေးစေရန် ပန်းချီဆရာ ဦးစိုင်းလင်းမြတ်က ကယ်ရေကေးချား ရုပ်ပြောင်ပုံများ ရေးဆွဲပေးခဲ့ကြောင်း၊

- အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗန်းမော်မြို့ ရွှေကြီးနား ဘုရားဝန်းအတွင်းရှိ ဒုက္ခသည် စခန်းမှ (၁၈၃) ယောက်အား ငွေ (၄)သိန်းခန့်နှင့် အ၀တ်အစား ဖိနပ်များ ၊ဆေးဝါးများ လှုဒါန်းပေးခဲ့ကြောင်း ၊
- ယင်းနေ့တွင် ပင် AD2000 ဒုက္ခသည် စခန်းတွင်လည်း ဖိနပ်၊ ဆေးဝါးများ လှူဒါန်း ပေးခဲံကြောင်း၊

- ပြပွဲ မှရရှိသည့် အလှုငွေ ကျပ်(၂၁) သိန်းကို  ခရီးစရိတ်၊ စားစရိတ်စသည်တို့တွင်  မသုံးစွဲဘဲ အပြည့်အ၀ ပြန်လည်လှူဒါန်းပေးခဲ့ကြောင်း၊

- စစ်ဘေးသင့် ဒေသရှိ ပြည်သူများထံ ကိုယ်တိုင် သွားရောက် လှူဒါန်းရ သဖြင့် ကျေနပ် အားရကြောင်း၊
- ဒုက္ခရောက်သူကို ကူညီလိုသည့် ရည်ရွယ်ချက်ဖြင့် သွားရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း။


---

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved