အာဆီယံမှာ မြန်မာတွေ ဘီယာသောက်တာ အနည်းဆုံး

Tuesday, October 2, 2012


အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဘီယာသောက်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးပါဘဲတဲ့။ ၂၀၀၁ ခုနှစ်က ဘီယာလီတာပေါင်း ၂.၆ ဘီလျံတောင် ရှိခဲ့ပါတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲ ဘီယာ သောက်မှု အမြင့်ဆုံး ရောက်ခဲ့တာပါ။ 

သူနောက်ကတော့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က လိုက်ပါတယ်တဲ့။ Euromonitor International က ဖော်ပြ ချက်အရ မြန်မာနိုင်ငံက ဘီယာ လီတာပေါင်း ၃၀.၄ သန်း နဲ့ စာရင်းရဲ့ အောက်ဆုံးနားမှာဘဲ ရှိပါ တယ်တဲ့။ မြန်မာတွေ ဘီယာသောက်အား အာဆီယံမှာ အနည်းဆုံးပါတဲ့။ မြန်မာ၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီယား၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေက ဘီယာ သောက်သုံးမှု ပမာဏက က ဖိလစ်ပိုင်က ဘီယာသောက်တဲ့ လီတာပေါင်း ၁.၆ ဘီလျံရဲ့ တ၀က်လောက်ပဲ ရှိတာတွေ့ရပါတယ်တဲ့။

 Euromonitor International က ၂၀၁၀ ခုနှစ်တုန်းက ဗီယက်နမ် ဘီယာ ဈေးကွက်ဟာ ခပ်မြန်မြန်ပဲ   မြင့်တက်လာ တယ်တဲ့။ ၂၀၀၉ ခုနှစ်က ဘီယာသောက်သုံးတဲ့ လီတာပေါင်း ၁.၆ ဘီလျံရှိခဲ့ပြီး ဒါကလည်း ၂၀၀၄ ခုနှစ်ကထက် ၅၆ ရာခိုင်နှုန်း တက်လာတာပါ။ ဒီနှစ် အစောပိုင်း ဂျပန် ဘီယာ ကုမ္ပဏီ Kirin Holding က သတင်းတခုအဆိုအရ ဗီယက်နမ်တွေဟာ ကမ္ဘာ့တ၀န်း ဘီယာ သောက်တဲ့ ထိပ်တန်း ၂၅ နိုင်ငံ စာရင်းဝင်ပါသတဲ့။ 

6 comments :

  1. Anonymous said... :


    good
    that is good.

    this is not to competed.
    ' who can drink more beer ' ?

    the lesser, the better.

  1. Anonymous said... :

    ရေးသားတဲ့ ခေါင်းစဉ် နှင့် သတင်း သည် မြန်မာပြည်သူတွေကို ဘီယာ သောက်နှုန်း မြင့်တက်စေချင်သည့် သဘောမျိုး ဖြစ်နေသည်။

    အကျိုးမရှိဘဲ အကျိုးမယုတ်ရင် တော်ပါသေးသည်။ ဒီသတင်းဖတ်ပြီး ဘီယာသောက်နှုန်း လိုက်ပြိုင်ရင် ပိုမွဲဖို့သာ ရှိတော့သည် ... ပိုဖောင်းဖို့ သာ ရှိတော့သည် ... ပိုသေဖို့ သာ ရှိတော့သည်။

    အကျိုး နှင့် အကြောင်း သည် ဆက်စပ်နေသည်။ နောက်ဆက်တွဲ ကို ကြိုစဉ်းစားကြပါ … အထူးသဖြင့် မီဒီယာတွေ

    p.s. ကောင်းစေလိုသော ဆန္ဒ​ဖြင့်သာ … အခြား မည်သည့် သဘောမှ မပါဝင်ပါ …

  1. Anonymous said... :

    ဧရာဝတီက ဘီယာအတွက် ကြော်ငြာခရထားတယ်ထင်ဒယ်။ တစ်ခါထဲပြောလိုက်မယ်။ ကျွန်တော်တို့ကတော့ ဘီယာမသောက်နိုင်ဘူး။ အရက်ဖြူပဲချတယ်:) ဖောရှောပေါ့ဗျာ။ ဒါပေမယ့် good ပါဒယ်။ ပြန်ရေးလိုက်ပေါ့ အာရှမှာ အရက်ဖြူသောက်တာ မြန်မာပြည်က ပထမပဲလို့။ ကိုရီးယားကတော့ နိုင်ငံသေးလို့ မြန်မာပြည်သောက်သုံးသူနှုန်းကိုမှီနိုင်မယ်မထင်ဘူး။ ခွီးခွီး

  1. Anonymous said... :

    ငတ်နေကြတာ ဘယ်က ဘီယာလာသောက်နိုင်မှာတုံး။ တောအရက်တွေသောက်လို့  သေထဲအထဲမှာ ဗမာပြည် ကို ဘယ်နိုင်မှာ မှီမှာမဟုတ်ဘူး။ ရန်ကုန်က သူငယ်ချင်း တစ်ဝက်ကျော်ကျော်လောက် ၃၀ ၄၀ လောက်နဲ့  တောအရက်တွေကြောင့် သေကုန်ကြပြီ။

  1. Anonymous said... :

    silly Vietnamese
    clever Burmese
    Naughty Irrawaddy Magazine

  1. Anonymous said... :

    ကျနော်တို့ ရွာမှာတော့ ၁၃- ၁၄ နှစ် လူုငယ်လေးတွေကလဲ အပြင်းစားအရက်ဆီတွေကို သောက်နေကြတာ ထိတ်လန့်စရာ တွေ့ခဲ့ပါတယ်။
    အသက်(၂၀)ကျော်လောက်ဆို အရက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဖောသွတ်သွတ်ဖြစ်တာ၊ စိတ်ဂယောင်ချောက်ချား အရက်ကြောင်တာတို့ ဖြစ်ပွါးနေပါတယ်
    လူုငယ်လေးတွေမှာ အနာဂတ်ပျောက်ပြီး အရက်စွဲနေတာကို မိဘတွေလဲ ဘာ လုပ်ပေးရမှန်းမသိဖြစ်နေတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved