မြန်မာပြည်မှာ ဘာ ဈေးနှုန်းတွေတက်နေသလဲ ???

Thursday, October 11, 2012

ရန်ကုန်မြို့ရှိ ဟိုတယ်တခုတွင် အခန်းခကို တွက်ချက်နေသည့် ဧည့်သည်တဦး

ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ ကုန်ပစ္စည်း၊ အိမ်ယာမြေဈေးနှုန်းများ အပြိုင်အဆိုင် လေ့လာသုံးသပ်သူ များက ဆိုပါတယ်။ အထူးသဖြင့်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေက စက်ရုံဆောက်ဖို့မြေတွေ၊ ရုံးတွေ အတွက် ၀ယ်လိုအားတွေ မြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ 

The Silk Road Finance လို့ ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဘဏ်တခုရဲ့ ယူနစ်၏ အဆိုအရ အိမ်၊ ခြံ၊ မြေ  
ဈေးနှုန်း ခန့်မှန်း တွက်ချက်မှုမှာ ရန်ကုန်မှာ ပျမ်းမျှ အိမ်ခြံမြေဈေးဟာ ဒီနှစ် ပထမ ၉ လအတွင်းမှာဘဲ ၃၉ ရာခိုင်နှုန်း မြင့်တက်လာ တယ်လို့ ဆိုပါတယ်။ 

အခုဆိုရင် ၁ စတုရန်းပေကို အမေရိကန် ဒေါ်လာ ၈၅ ပေါက်ဈေးဖြစ်နေပါတယ်တဲ့။ ၂၀၁၁ ခုနှစ်မှာ စစ်အုပ်ချု့ပ်ရေး အဆုံးသတ်လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှု မြန်မြန်ဆန်ဆန်လုပ်လာတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း တဖွဲဖွဲ ၀င်ရောက်လာနေ တာဖြစ်ပါတယ်။

သူတို့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အိမ်ခြံမြေဈေးတွေတင် တက်တာမဟုတ်ပါဘူးတဲ့။

ဒီနှစ်အတွင်းမှာပဲ ဟော်တယ် အခန်းခ နှုန်းထားတွေလည်း ၆၅ ရာခိုင်နှုန်းလောက် မြင့်တာလာတာဖြစ်ပါ တယ်တဲ့။ 

ဇွန်လတုန်းက နိုင်ငံခြား သားပိုင် ဟော်တယ်တွေမှာ အခန်းခတွေကို အစိုးရက သတ်မှတ်ပေးခဲ့ပါသေး တယ်တဲ့။ ဒီအပြင် ရုံးခန်းငှားရမ်းခ ဈေးနှုန်းတွေလည်း ဒီနှစ်မှာ ၅၀ ရာခိုင်နှုန်း တက်လာပါသေးတယ်။ 

အထူးသဖြင့် ရန်ကုန်မြို့ လယ် ဧရိယာမှာ တလ ငှားရမ်းခအနေနဲ့ ၁ စတုရမ်း မီတာကို အမေရိကန်  
ဒေါ်လာ ၅၀  ရှိနေပါတယ်လို့ ဆိုပါတယ်။ Silk Road ရဲ့ အဆိုအရ ရုံးခန်းတခုဟာ အနည်းဆုံး စတုရမ်း မီတာ ၆၃၀၀၀ ရှိမှ ဖြစ်တာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာထက် ၁ ရာခိုင်နှုန်းနည်းနေ ပါတယ်လို့  ရိုက်တာ သတင်းတပုဒ်က ဆိုပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved