ရန်ကုန်သားများ အမှိုက်ပစ်တတ်ရဲ့လား

Saturday, October 27, 2012





~


ရွက်စိမ်း ~

ရန်ကုန်မြို့တနေရာက အမှိုက်ပုံး (ဓာတ်ပုံ - ရွက်စိမ်း/ဧရာဝတီ)
စည်ပင်သာယာအဖွဲ့က    ရန်ကုန်မြို့တော်  သန့်ရှင်းစေဖို့အတွက် နေရာတော်တော်များများမှာ အမှိုက်ပုံးတွေ ထားရှိပေးပေမယ့်လည်း မြို့နေလူအများအပြား စည်းကမ်းလိုက်နာမှု အားနည်းနေသေးတာကို တွေ့နေရပါတယ်။

    စည်ပင်အမှိုက်ပုံးတွေကို လမ်းမကြီးနဲ့ လမ်းသွယ်တွေထဲမှာ ဒီလပိုင်း အတောအတွင်းမှာ စီစဉ်ချထားပေးခဲ့ပါတယ်။ ဒါ့အပြင် အမှိုက်စို၊   အမှိုက်ခြောက်စနစ်ကို ကျင့်သုံးရန်အတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီနည်းစနစ်တွေဟာ ထိရောက်မှု နည်းနေသေးတယ်လို့ ရန်ကုန်မြို့ခံ တဦးက ပြောပါတယ်။

    “တချို့ကတော့ လိုက်နာပြီး အိတ်တွေ ခွဲပစ်ပေမယ့် အများစုကတော့ နဂိုနည်းအတိုင်း ကိုယ့်အိမ်က ကြုံရာအိတ်တွေနဲ့ ပစ်နေကြတုန်းပါပဲ။ ဒီထက်ဆိုးတာက လမ်းတွေမှာ အမှိုက်ပုံးတွေ ထားပေးပေမယ့်လည်း မြောင်းတွေထဲကို တိုက်ခန်းတွေပေါ်ကနေ အမှိုက်တွေ ပစ်ချနေကြနေဆဲပဲ။  မြို့တော် သန့်ရှင်းဖို့အတွက် လူတွေကိုယ်တိုင် စည်းကမ်းလိုက်နာမှု အားနည်းနေတာကို တွေ့နေရပါတယ်” လို့ ၄င်းက ပြောပါတယ်။

တိုက်ခန်းတွေရဲ့ အနောက်ဘက် မြောင်းနေထဲမှာ အမှိုက်ပစ်ချနေကြတဲ့ ကိစ္စရပ်ကြောင့် မိုးရွာတာနဲ့ မြောင်းတွေမှာ အမှိုက်တွေ ပိတ်ဆို့မှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပါတယ်။

ဒါတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကတော့ အထက်က ပုဂ္ဂိုလ် ပြောသလို မြို့နေလူထု ကိုယ်တိုင် စည်းကမ်းလိုက်နာဖို့ပါပဲ။

ရန်ကုန်မြို့ ရွှေတိဂုံစေတီ စောင်းတန်းတနေရာက ကွမ်းသွေး နဲ့ အမှိုက်စွန့်ပစ်မှုမြင်ကွင်း (ဓာတ်ပုံ - ရွက်စိမ်း/ဧရာဝတီ)
အမှိုက် မပစ်ရ ဆိုတဲ့ နေရာများမှာ  အမှိုက်တွေ ပုံနေတာကို တွေ့ရတာဟာ စည်ပင်သာယာဌာနရဲ့ အားနည်းချက်တခုတည်း မဟုတ်တော့ပါဘူး။

မြို့တော်သူ မြို့တော်သားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာလည်း အသေအချာကို လိုအပ်လာပါပြီ။

မြို့တော်စည်ပင်က နိုင်ငံတကာမှာ ဘယ်လိုအမှိုက်သိမ်းတယ်ဆိုတာကို လေ့လာနေသလို  မြို့တော်သူ မြို့တော်သားတို့ကလည်း နိုင်ငံတကာမှာ အမှိုက် ဘယ်လိုပစ်ကြတယ် ဆိုတာကိုလည်း ကြားသိမြင်တွေ့ပြီး လက်တွေ့ အတုယူကြမယ် ဆိုရင်ဖြင့် ရန်ကုန်ဟာ ကြည့်ပျော်ရှုပျော် ဖြစ်လာမယ်လို့ ဆိုပါရစေ။ 
















-

2 comments :

  1. Anonymous said... :

    ဥရောပနိုင်ငံတွေက ကျောင်းတွေမှာ ကလေးတွေကို အမှိုက်ပစ်ပုံ သန့်ရှင်းရေးလုပ်ပုံတွေကို သင်ပေးပါတယ်။ ဒါကြောင့် အမှိုက်ကို စနစ်တကျပစ်တာဟာ သူတို့မှာ အသားကျနေပါတယ်။ မြန်မာပြည်မှာက ပြောင်းပြန်ပါ။ အဲဒီတော့ လုပ်ရမှာက ကလေးတွေကို ယခုအချိန်ကစပြီး အမှိုက်ပစ်ပုံစတဲ့ ကျန်းမာရေးသင်ခန်းစာကို ကျောင်းမှာ ထည့်သွင်းသင်ကြားပေးသင့်ပါတယ်။ လူကြီးတွေကိုတော့ ပညာပေးမှုတွေနဲ့ အပြစ်ပေးအရေးယူမှုတွေကို စနစ်တကျ လုပ်သွားဖို့ လိုအပ်နေပါတယ်။

  1. Anonymous said... :

    Have you been opened that dustbin ?
    How to be felt?
    Who could re throw again?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved