ဟန်လေးကာတွန်းကြောင့် "မျက်လုံးများ ရုတ်တရက်ပြာဝေသွားပါသည်"

Tuesday, October 16, 2012

~



မြန်မာတိုင်းမ်ဂျာနယ်မှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ ဟန်လေးရဲ့ကာတွန်း

ဒီကာတွန်းကြည့်ပြီး ဘယ်လို ဖြစ်သွားသလဲ။

မြန်မာ့တပ်မတော်မီဒီယာဖြစ်တဲ့ မြ၀တီက ဆောင်းပါးမှာတော့ ဒီကာတွန်းကြည့်ပြီး "ကျွန်တော့်မျက်လုံးများ ရုတ်တရက်ပြာဝေ သွားပါသည်" လို့ ဆိုပါတယ်။

ကာတွန်းဆွဲသူ၊ ကာတွန်းဖော်ပြသူတို့ဟာ အမှားတခု  ကျူးလွန်တယ်လို့ ယူဆပါတယ် တဲ့။ 


"ရေးဆွဲသူနှင့် တည်းဖြတ်သူများ၊ အယ်ဒီတာချုပ်၊ ဂျာနယ်တိုက် ပိုင်ရှင်များ နောင် ဤကဲ့သို့ ထပ်မံ မမှားယွင်းစေရေး သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း" လို့ ဆောင်းပါးမှာ ရေးထားပါတယ်။

အစိုးရက ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေတယ်၊ တပ်မတော်ကလည်း အမိန့်နာခံတဲ့အနေနဲ့ ထိုးစစ်ဆင်တာတွေ ရပ်ထားပါတယ်လို့ ဆောင်းပါးရှည်က ဆိုလိုပါတယ်။

စစ်အရာရှိတယောက်ဖြစ်တဲ့ သမ္မတရုံးညွှန်မှူးကလည်း ဒီဆောင်းပါးဟာ ကာချုပ်ရဲ့ အာဘော်လို့ ဆိုတယ်။

"ပြည်တွင်းငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရပ်တည်ချက်၊ သဘောထား ဖြစ်ကြောင်း တွေ့ရှိရပါသည်" ဆိုတဲ့ မှတ်ချက်နဲ့အတူ ဒီဆောင်းပါးကို အွန်လိုင်းမှာ လက်ဆင့်ကမ်းခဲ့ပါတယ်။


နှစ်ပေါင်း ၆၀ ကြာ အုပ်လုံးချုပ်စနစ်အောက်မှာ တချို့သောသူတွေဟာ သူတို့သာ မှန်တယ်၊ သူတို့သာ အကုန်သိနားလည်တတ်ကျွမ်းတယ်၊ တိုင်းပြည်ချစ်တယ်လို့ ယူဆတတ်ကြပါတယ်။

ဒီနေ့ဒီအချိန်ဟာ ဒီမိုကရေစီကို ဦးတည်သွားနေတဲ့ခေတ်ဖြစ်တယ် ဆိုတာ မမေ့ဖို့တော့ လိုပါတယ်။ 
ခြိမ်းခြောက် ဟိန်းဟောက်တာမျိုးတွေက သေနတ်ပြောင်းအောက်က ဒီမိုကရေစီကိုပဲ ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။

လတ်တလော တိုက်ပွဲတွေ  ဖြစ်နေတာက မြန်မာ့တပ်မတော်နဲ့ KIA ကြားမှာပါ။

ကာတွန်းထဲမှာ ပစ်နေတဲ့သူက KIA လည်း ဖြစ်နိုင်ပါတယ်။

 မြ၀တီက သဘောမကျတဲ့ ဒီကာတွန်းကို KIA ကရော ဘယ်လို သဘောထားမှာလဲ၊ ကာတွန်း ကြည့်ပြီး မျက်လုံးများ ရုတ်တရက်ပြာဝေသွားအုံးမှာလား။
မျက်လုံးပြာသွားတာတော့ ပြဿနာ မရှိပါဘူး။ ခြိမ်းခြောက်ဟိန်းဟောက်တာမျိုး မလုပ်ဖို့သာ လိုအပ်ပါတယ်။














-

2 comments :

  1. Anonymous said... :

    အမှန်တရားသည် တခါတရံ မျက်စေ့ စပ်၏။

  1. Unknown said... :

    စဉ်းစားပါဝေဖန်ပါအမှန်ကိုသံုးသပ်ပါတဖက်သပ်မပြောနဲ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved