Dragon Air အဖွဲ့သားများ၊ ဓာတ်ပုံ- mynetbizz.com
အခု နောက်ဆုံး တိုးချဲ့မယ့် လေကြောင်းလိုင်းကတော့ မကြာသေးခင် နှစ်ပိုင်းက Skytrax ရဲ့ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဟောင်ကောင်အခြေစိုက် Dragon Air ဟာ လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က စတင်ပြီး ဟောင်ကောင်နဲ့ ရန်ကုန်ကို တိုက်ရုက် စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ သို့မဟုတ် တနင်္ဂနွေ ဆိုပြီး တပတ် ကို ၄ ကြိမ်အသွားအပြန် ပြေးဆွဲ သွားမှာဖြစ်ပြီး အခုဆိုရင် ရန်ကုန်နဲ့ တိုက်ရိုက်ပြေးဆွဲတဲ့ လေကြောင်းလိုင်း ၂၂ ခုထိ ရှိသွားပြီလို့ နိုင်ငံပိုင် သတင်းစာတွေက ဆိုပါတယ်။
နဂါးကြီးဟာ အခုဆို ရန်ကုန်- ဟောင်ကောင်တိုက်ရိုက်ပျံသန်းမှုတွေနဲ့ ၂ နိုင်ငံ စီးပွားရေးအပြန်အလှန် အထောက်အပံ့ဖြစ်စေမယ်လို့ ဆိုပြီး လေယာဉ်တွေကတော့ ခရီးသည် ၃၆ ယောက်စာနဲ့ စတင်ပျံသန်း မှာ ဖြစ်ပါတယ်။
0 comments :
Post a Comment