တောင်ကြီးမှာ ဆန္ဒပြခွင့် ရဲတပ်ဖွဲ့ ပယ်ချ

Wednesday, October 24, 2012

ရွှေညောင် တနေရာ အပေါ်စီးမြင်ကွင်း (ဓာတ်ပုံ - ဂူဂဲမြေပုံ)

တောင်ကြီးမြို့နယ် အတွင်း တိုးဂိတ်တည်ဆောက်နေမှုကို ဒေသခံပြည်သူများက မလိုလားသဖြင့် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ရန်  တောင်ကြီးမြိ့နယ် ယာယီရဲမှုး ဦးသိန်းလှိုင်ထံတွင် တနင်္လာနေ့က ခွင့်ပြုချက်တောင်းရာ အင်္ဂါနေ့တွင် ပယ်ချခံလိုက်ရသည်။

အချက် သုံးချက်ဖြင့် ငြင်းဆန်ပယ်ချခဲ့ကြောင်း စာတင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမေဘရန်က ပြောသည်။

(၁) ဒေသဆိုင်ရာ အာဏာပိုင်က သတ်မှတ်ထားသည့် ငြိမ်းချမ်းစွာစီတန်းလည့် လည်ရန် ခွင့်မပြုထားသည့် စဥ့်ဟယ်ဈေးရှေ့ ဖြစ်ခြင်း

(၂) နယ်မြေလုံခြုံရေး နှင့် တည်ငြိမ်မှုကို ထိခိုက်စေခြင်း

(၃) အောင်သပြေရပ်ကွက်ရှိ ပြည်သူများက နိုင်ငံတော် သမ္မတထံ လိပ်မူ တိုင်ကြားထားသည့်ကိစ္စအား စိစစ်ပြီး တင်ပြခဲ့ရာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ပြန်ကြားလာမှု မရှိသေးခြင်း

ဥပဒေ ပုဒ်မှ (၉) အရ အယူခံခွင့်ရှိကြောင်း အသိပေးပါသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှုး လက်မှတ်ထိုးထားသည့် အကြောင်းပြန်စာတွင် ဖော်ပြထားသည်ဟု  သိရသည်။

ဂျွန်ချစ်ငြိမ်း၊ (တောင်ကြီး)

ဆက်စပ်ဖတ်ရှုရန် - Toll ဂိတ် တည်ဆောက်မှု တောင်ကြီး ဒေသခံတွေ ဆန္ဒပြမယ်













-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved