အနီကဒ် ၃၆ ကဒ်နဲ့ ဇာတ်သိမ်းသွားတဲ့ ဘောလုံးပွဲ

Thursday, October 25, 2012




~ ကျော်ခ ~

အင်္ဂါနေ့က ကစားခဲ့တဲ့ ပါရာဂွေးနိုင်ငံ အငယ်တန်းဘောလုံးပြိုင်ပွဲစဉ် တစ်ရပ်မှာ ကွင်းအတွင်း နှစ်ဖက် ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားမှုအတွက် ဒိုင်လူကြီးက နှစ်သင်းလုံးရဲ့ ကစားသမား ၂၂ ဦးအပါအဝင် ကွင်းတွင်းပြေးဝင်ပြီး ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ အရန်ကစားသမားတွေကိုပါ အနီကဒ်ပြထုတ်ပယ်ခဲ့ပါတယ်။

ပွဲပြီးဆုံးဖို့မိနစ်ပိုင်းအလိုမှာ နှစ်ဖက်အသင်း ကစားသမားနှစ်ဦး တင်းမာမှုဖြစ်ပွားတဲ့အတွက် ကွင်းလယ်ဒိုင် က အနီကဒ်ပြ ထုတ်ပယ်ခဲ့ပြီး အထုတ်ခံလိုက်ရတဲ့ ကစားသမားနှစ်ဦးက ကွင်းအပြင်မထွက်ခင်မှာပဲ ထိုးကြိတ်မှု ဖြစ်ပွားရာကနေ နှစ်ဖက် ကစားသမားတွေနဲ့ ကွင်းပြင်က အရန်ကစားသမားတွေထိပါ ကူးစက် ကုန်တာကြောင့် ဒိုင်လူကြီးက ၃၆ ဦးလုံးကို အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ 



ဒိုင်လူကြီးရဲ့ အနီကဒ်တွေကြောင့် ရန်ပွဲဟာ ပိုမိုပြင်းထန်ခဲ့ပြီး ထိမ်းမနိုင်တဲ့အနေထားထိရောက်ရှိ သွားခဲ့ပါ တယ်။ 

ကွင်းလယ် ဒိုင်လူကြီး က ခရာမှုတ်ပြီး တားမြစ်ပေမယ့် ထိုးကြိတ်နေတဲ့ နှစ်ဖက်ကစားသမားတွေက သူ့ကိုလုံးဝ ဂရုမစိုက်ကြတော့ပါဘူး။ 

အခြေအနေတွေ လုံးဝထိန်းမရတော့တဲ့ အခြေအနေမှာ သူ့ဘယ်လှည့်လာနိုင်တဲ့ အနေအထားကြောင့် ကွင်းလယ် ဒိုင်လူကြီးပါ ကွင်းအတွင်းက ထွက်ပြေးခဲ့ရပါတယ်။ 

အရုပ်ဆိုးလှတဲ့ ဒီပွဲစဉ်ဖြစ်ရပ်ကြောင့် နှစ်သင်းလုံးဟာ သူတို့နိုင်ငံရဲ့ ဘောလုံး အဖွဲ့ချုပ်နဲ့ ကလပ်အသင်းရဲ့ အပြစ်ပေးမှုတွေခံရတော့မှာဖြစ်ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved