နန်းခင်ဇေယျာ ရဲ့ အနုပညာလုပ်ငန်းကို MTF ကိုင်တွယ်မယ်

Thursday, October 25, 2012



~




ရွက်စိမ်း ~


နိုင်ငံတကာမယ်ပြိုင်ပွဲဆိုတာကို မြန်မာပြည်က  ဆယ်စုနှစ် ငါးခု ကြာ ဝေးဝေးကနေ ငေးကြည့်ရုံ ကြည့်ခဲ့ကြပြီး ဒီနှစ်မှာတော့ ကိုယ်တိုင်ကိုယ်ကျ ၀င်ပြိုင်ခဲ့၊ ဆုတချို့ ပိုက်နိုင်ခဲ့ပါပြီ။

ဂျပန်မှာလုပ်တဲ့ Miss International 2012 အတွင်း ဘီရုမာကို ပရိသတ်သိအောင် လုပ်နိုင်ခဲ့တဲ့ အလှမယ် နန်းခင်ဇေယျာက သူ့အတွေ့အကြုံတွေကို မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

လက်ရှိ သူ့ရဲ့ အောင်မြင်မှုကြောင့် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခွင့်အရေးရလာပါပြီ။ သို့သော်လည်း ဒီလို လုပ်ကိုင်ရာမှာ သူ့တယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်သွားမှာ မဟုတ်ပါဘူး တဲ့။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (Myanmar  Tourism Federation - MTF) ရဲ့ ပြိုင်ပွဲတခုကနေ Miss Tourism ဖြစ်ခဲ့တဲ့ နန်းခင်ဇေယျာဟာ MTF နဲ့  စာချုပ် ချုပ်ဆိုထားတာ ရှိပါတယ်။ ဒီစာချုပ်အရ  နန်းခင်ဇေယျာရဲ့ အနုပညာလုပ်ငန်းတွေကို MTF က တာဝန်ရှိပုဂ္ဂိုလ်တယောက် ဖြစ်တဲ့ ဒေါ်တင်မာမြင့်က တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲကိုလည်း MTF ရဲ့ ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ပြည်သူတွေရဲ့ အားပေးမှုနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အတွက်ကြောင့်   ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ဖို့လည်း အစီစဉ်ရှိတဲ့အကြောင်း  သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"(ဂျပန်မှာ) နေရာအတော်များများကို ရောက်ခဲ့ပါတယ်၊ ဂျန်ပန်မှာရှိတဲ့ NGO အဖွဲ့တစ်ခုကို လည်း မြန်မာပြည်ကို လာရောက်ပြီး မသန်စွမ်းဖြစ်သူများ အတွက် လာရောက်ပြီး အကူအညီတွေပေးဖို့ ပြောခဲ့ပါတယ်၊ မြန်မာပြည်မှာရှိတဲ့ ပရဟိတအဖွဲ့တွေက ဖိတ်ခေါ်မယ် ဆိုရင်လည်း အားတက်သရော လုပ်မှာပါ” လို့  နန်းခင်ဇေယျာကပြောပါတယ်။  
 

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ နန်းခင်ဇေယျာ ရခဲ့တဲ့ ဆု နှစ်ခု
People Choice Award
Miss Internet

ယှဉ်ပြိုင်ဖို့ အတွက် အချိန် နှစ်လလောက်သာရရှိခဲ့တယ်၊ ပြည်သူတွေရဲ့ အားပေးမှုတွေကြောင့် အခက်အခဲများစွာကို ကျော်ဖြတ်နိုင်ခဲ့ပြီး ယခုလို ဆုတွေရရှိခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    "တစ်ယောက်တည်း ပြိုင်ပွဲမှာ ကြိုးစားနေချိန်မှာ မြန်မာပြည်က ပြည်သူတွေက ကိုယ့်နောက်မှာရှိနေတယ် ဆိုတဲ့ အသိက အားတွေ အများကြီးရခဲ့ပါတယ်၊ Facebook ပေါ်ကနေ အားပေးခဲ့ကြပြီး vote လုပ်ခဲ့ကြတဲ့ အတွက်လည်း Miss Internet ဆုကို ရရှိတာဖြစ်ပါတယ်" လို့ နန်းခင်ဇေယျာ ကပြောပါတယ်။










-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved