ဓာတ်ပုံ- The Sun
ဆယ်ကျော်သက် မိန်းကလေး တဦး ဖြစ်တဲ့ Amanda Michelle Todd ကို ကနေဒါ နိုင်ငံ ဗင်ကူးဗားမြို့က သူ့ အိမ်မှာ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသက်သေဆုံးလျှက် တွေ့ခဲ့ရတယ်လို့ The Sun သတင်းစာ က ရေး ထားပါတယ်။
သူနဲ့ပတ်သက်လို့ အခုလို သေဆုံးမှု ဘယ်လိုဖြစ်တယ်ဆိုတာ လေ့လာလိုက်တော့ ကိုယ့်ကိုယ် ကို သေကြောင်း ကြံ ခဲ့တာလို့ သိရပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က မှ သူက အင်တာနက် Youtube မှာ အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယို ဖိုင်ကို တင်ပြီး စကားမပြောပဲ စာများရေးပြပြီး ရင်ဖွင့်ခဲ့ပါတယ်။
အသက် ၁၅ သာရှိသေးတဲ့ Amanda Michelle Todd ဟာ အင်တာနက်ပေါ်မှာ ခင်မင်ရာက တဖက်က သူတဦးက သူ့ကို ဟိုဟို ဒီဒီပြောရင် အပေါ်ပိုင်း ချွတ်ပြခိုင်းလို့ ချွတ်ပြခဲ့ရာက အခု လို သေလောက်အောင် ထိ စိတ်ခံစားမှု ဖြစ်သွားတာပါတဲ့ ။
သူရဲ့ အပေါ်ပိုင်းချွတ်ပြခဲ့မိပြီးနောက် သိမ်ကြာခင်မှာလည်း နောက်ထပ် ချွတ်ပြဖို့ တောင်းဆိုတဲ့ အခါ သူက ငြင်းခဲ့လို့ သူ တခါက ချွတ်ပြခဲ့တဲ့ သူ့ဓာတ်ပုံတွေကို သူနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကို တဖက်သူ က ဖြန့်ဝေလိုက်ပြီး သူလည်း အတော် စိတ်ဖိစီးမိလာတာကို ရင်ဖွင့်ထားခဲ့တာပါ။
နောက်ဆုံးတော့ ဆယ်ကျော်သက် Amanda Michelle Todd က ကမ္ဘာပေါ်က မိန်းကလေးတွေအတွက် သူ့ အသက်နဲ့ ရင်းပြီး အခုလို သင်္ခန်းစာ ပေးသွားခဲ့ပါပြီ။
အထက်ပါ သတင်းအပြည့်အစုံကို ဤနေရာကို သွားကြည့်နိုင်ပါတယ်။
အရမ်းကို ကြေကွဲဝမ်းနည်းဖို့ကောင်း တဲ့ဖြစ်ရပ်တခုပါပဲဗျာ။ အဲလို webcam နဲ့ ချက်တဲ့ ယဉ်ကျေးမှုကြီးက အခုဆိုရင် မြန်မာမှာလဲ အတော်ခေတ်စားလာနေပြီ။ အဲလို အသက်မပြည့်တဲ့ မိန်းကလေးတွေဆိုတာ စိတ်ကလဲ အရမ်းလှုပ်ရှားတဲ့ အရွယ် လူတကာကိုလဲ သိပ်များများမပြောရဘူး ပုံပြီးတော့ကို ယုံကြည်လိုက်ကျတာ။ မစဉ်းစားဘူး ဒီလူဟာ ဘယ်လိုလူ ဘာတွေမကောင်းဘူးဆိုတာ သူတို့ မစဉ်းစားတော့ဘူး မစုံစမ်းမလေ့လာတော့ဘူး။ လိင်မှုကိစ္စတွေမှာ လက်ရဲဇက်ရဲနိုင်လာကျတယ်။ ယောကျာ်းလေးဘက်က အပြောလေး ကောင်းယုံနဲ့ ဘ၀တခုလုံးကို လွယ်လွယ် ပေးပြစ်လိုက်တဲ့ ခေတ်ယောက်နေပြီ။ ကို့ကို တကယ်ချစ်လို့ တန်ဖိုးထားတတ်တဲ့ လူနဲ့ တွေ့ရင် ကိစ္စမရှိဘူး အဲလို ကို့ဘ၀ကို အပျော်သဘော ခြေတော်တင်တတ်တဲ့ လူမျိုး မိန်းကလေးတယောက်ကို တန်ဖိုးမထားပဲ ရရင်ရသလို စားသောက်ပြီး ပြစ်ထားခဲ့တဲ့ လူမျိုးနဲ့ တွေ့ရင် သေရော။ အခုခေတ် ကျားများ လက်သွက်ခြေသွက်ဗျ။ ကိုချင်းစာနာစိတ်ဆိုတာ တော်တော်မရှိကျတော့ဘူး ။ အဲလို ကို့ရီးစား ချစ်သူကို ကိုကကြိုက်သလိုလုပ်ပြီးရင် ကို့သူငယ်ချင်း အပေါင်းအသင်းတွေကို မျှဝေလိုက်သေးတယ်။ ကြွားလိုက်သေးတယ် ။ အဆင့်မရှိ အောက်တန်းကျတဲ့ စိတ်နဲ့ ငါစားပြီးပြီကွ ဆိုပြီး အများရှေ့ ကြွားသေးတယ်။ မိန်းကလေးများ ယခုလို သနားစဖွယ် သူမဘ၀ကို ရင်းလို့ အသိပေးသွားခဲ့ရှာတဲ့ ဒီမိန်းကလေးကို အတုယူရပြီး ကို့ကိုယ်ကို ထိန်းသိမ်းရမယ်။ယောကျာ်းဆိုတာ အချိန်တန်တယောက်တော့ရမှာပဲ။ ကို့ တန်ဖိုးကို ကိုထိန်းသိမ်းကျပါ မြန်မာ မိန်းကလေးများရေ။ သနားစဖွယ် အလွန်ကောင်းတဲ့ Amanda Michelle လေး ကောင်းရာသုဂသိလားလို့ နောက်တဖန်လူပြန်ဖြစ်ခွင့် ရခဲ့မယ်ဆိုရင် ကံကောင်းပြီး ကို့ကိုအလွန်တရာ ချစ်မြတ်နိုး တန်ဖိုးထားတဲ့ ချစ်သူနဲ့ လက်တွဲရပါစေလို့ ဆုတောင်းပေးမိပါတယ်ခင်ဗျာ.:-(