ထိုင်း ရေတပ်ထဲက Gangnam Style

Tuesday, October 9, 2012


တောင်ကိုရီယား PSY ရဲ့ Gangnam Style တဲ့ သီချင်းနဲ့ အက ဟာ ထိုင်းနိုင်ငံက ရေတပ်ထဲအထိ ထိုးဖောက်ဝင်ရောက် လာပါပြီ။ 

ဘယ်လို ထိုးဖောက်ဝင်ရောက်မွှေနှောက် လာသလဲ ဆိုရင် ရေတပ်မှာ ဒရင်လ် လို့ ခေါ်တဲ့ အစမ်း 
လေ့ကျင့်ခန်း လုပ်ကြသလို Gangnam Style က သီချင်းနဲ့ အက က နေရာဝင်ယူလိုက်သလိုပါတဲ့။

 ထိုင်းနိုင်ငံ ဖူးခက်မှာ အခြေစိုက်တဲ့ အမှတ် ၃ ရေတပ်ကွပ်ကဲရေး စင်တာမှာ Gangnam Style သီချင်းနဲ့ ကခုန်နေကြတဲ့ ထိုင်း သင်္ဘောသားတွေက ကခုန် သီဆိုနေကြတာကို ယူကျူပေါ် စက်တင်ဘာလ ၂၆ ရက် နေ့ တင်လိုက်တဲ့အခါ အခုဆိုရင်  ကြည့်ရှု့သူ ၅ သိန်းကျော် ရှိလာပါတယ်။

 Gangnam Style ဟာ ဗြိတိန်မှာ နံပတ် ၁ လူကြိုက်အများဆုံးဖြစ်နေပြီး အမေရိကားမှာ နံပတ် ၂ ဖြစ်နေ ပါပြီ။ အခုလို လူ ကြိုက်များ ရေပန်းစားတဲ့ အဆို၊ အကဟာ ထိုင်းရေတပ်ကိုတော့ မွှေနေပါပြီတဲ့။ 

တချို့ ရေတပ်အရာရှိတချို့ကတော့ အခုလို ယူကျုပေါ်ကို ဒီဗီဒီယိုကို တင်လိုက်တာကြောင့် စိတ် မသက် မသာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒီဗီဒီယိုကြောင့် အထက်အရာရှိတွေလည်း ခုခံ ကာကွယ်ပြောနေကြ ရပါတယ်တဲ့။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved