ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ် စတင်မယ်

Monday, November 12, 2012

  ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟန်ဆင်းမ်၊ ဓာတ်ပုံ- indiawest.com 
 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  အိန္ဒိယနိုင်ငံသို့ ၅ ရက်တာ ခရီးကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ က စတင်မှာဖြစ်ပါတယ်။ 

ယနေ့ ည ၇ နာရီ ၄၀ မိနစ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ထိုင်းနိုင်ငံကတဆင့် အိန္ဒိယနိုင်ငံ၊ ဒေလီသို့ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ၀န်ကြီးချုပ် မာမိုဟန်ဆင်းမ် အပါအ၀င် အိန္ဒိယ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့မှာဖြစ်သလို ဂျဝါဟလာနေရှုး မွေးနေ့ အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတက်ပြီး မိန့်ခွန်းပြောဖို့လည်း ရှိပါတယ်။ 

အိန္ဒိယရောက် မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့ မြန်မာနိုင်ငံကို ပြန် လည် ရောက်ရှိမှာလည်းဖြစ်ပါတယ်။ 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံကို ရောက် ရှိလာမယ့် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့နဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာလည်းတွေ့ဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် အချိန်ဇယားကို အောက်မှာဖော်ပြထားပါတယ်။ 
 
၁။ နိုဝင်ဘာ ၁၂ ရက်နေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ သို့ ( ည ၇ နာရီ ၄၀ မိနစ်) ၂။ နိုဝင်ဘာ ၁၃ ရက်နေ့ ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ ထွက်ခွာမည်။ 
၃။ နိုဝင်ဘာ ၁၄ ရက်နေ့ အိန္ဒိယ ၀န်ကြီးချုပ်နှင့်ဆွေးနွေးမည်၊ နေရူး အောက်မေ့ဖွယ် အမှတ်တရ မိန့်ခွန်း ပြောကြားမည်။ 
၎။ နိုဝင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ နိုင်ငံ ဒု သမ္မတနှင့် တွေ့ရန်၊ ပါလီမန်သို့ အလည်သွားပြီး ပါလီမန် ဥက္ကဌ 
နှင့်တွေ့မည်။ 
၅။ နိုဝင်ဘာ ၁၆ ရက်နေ့ Lady Shri Ram College သို့ သွားရောက်လည်ပတ်မည်။ Bengaluru သို့သွားပြီး မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့မည်။ 
၆။ နိုဝင်ဘာ ၁၇ ရက်နေ့ Rural Development Projects နှင့် Indian Institute of Science တို့သို့ သွားရောက် လည်ပတ် ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်လာမည်။ 
၇။ နိုဝင်ဘာ ၁၈ ရက်နေ့ ထိုင်းနိုင်ငံမှ ထွက်ခွာလာမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved