ကျားသစ်တကောင်နဲ့ သူ့ သားကောင်

Wednesday, November 14, 2012

 ဓာတ်ပုံများ- mailonline

ကျားသစ်မ တကောင်က သဘာဝ တောထဲမှာ သူ့အစာ သားကောင်ဖြစ်တဲ့ သားမင် တကောင်ကို ရခဲ့ပါ တယ်။


အဆိုပါ ကျားသစ်မ တကောင်က သူ့ အစာဖြစ်တဲ့ သားမင်ကို စားသောက်ဖို့အတွက် သစ်ပင်ပေါ်ကို ခက်ခက်ခဲခဲ ဆွဲတင်နေတဲ့ မြင်ကွင်း အဆင့်ဆင့်ကို သေသေချာချာ ဓာတ်ပုံရိုက်ထားတာပါ။ 

ကင်ညာနိုင်ငံမှာ ဖြစ်ခဲ့တာကို နယူးယောက်အခြေစိုက် ဓာတ်ပုံဆရာမ Cindy Corcoran က အမိအရ မှတ်တမ်း တင်ထားတာပါ။ 


ကျားသစ်မဟာ သူ့အစာကို သစ်ပင်ပေါ်က လုံခြုံစိတ်ချရ တဲ့ နေ့လယ်စာ စားတဲ့ လျှို့ဝှက်နေရာ အထိ ရောက်အောင် တဖြည်း ဖြည်းနဲ့ ကိုက်ချီ သယ်တင်နေခဲ့တာကို ဓာတ်ပုံဆရာမ Cocoran က စိတ်ရှည် သည်းခံပြီး ၂ နာရီနီးပါး စောင့်ဆိုင်း မှတ်တမ်း ဓာတ်ပုံရိုက်ခဲ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် သတ္တ၀ါတကောင်ရဲ့ အစာအတွက် ဘယ်လို အပင်ပန်းခံပြီး ဘ၀ ရှင်သန်ရေး ရုန်းကန်လှုပ်ရှားရတယ်ဆိုတဲ့ အသိတခု သတိရစေနိုင်သလို အသက်ဆုံးရှုံးသွားလိုက်တဲ့ သမင်ဟာလည်း သူ့အသက်နဲ့ ရင်းပေးလိုက်ရတဲ့ သူ့ခန္ဓာဟာ တပါးသူအတွက် အစာ ဖြစ်သွားရတဲ့ သံဝေဂ ရစရာလည်း ဖြစ်စေပါတယ်။ 

အတွေးကောက်မယ်ဆိုရင် များစွာ ရနိုင်မယ်လို့ ယူဆလို့ တင်ပြပေးလိုက်ပါတယ်။











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved