အိုဘားမား ထိုင်းဘုရင်ကြီးကို တွေ့ဆုံ ဂါရ၀ပြု

Monday, November 19, 2012


 အမေရိကန် သမ္မတ အိုဘားမားနှင့် ထိုင်းဘုရင်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ် 
 
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ အရှေ့အာရှ ၃ နိုင်ငံ ခရီးစဉ်ရဲ့ ပထမဆုံးအနေ နဲ့  နိုဝင်ဘာလ ၁၈ ရက်နေ့ ထိုင်းစံတော်ချိန် ညနေ ၃ နာရီမှာ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ် ကို ရောက်ရှိခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ ထိုင်းဘုရင်မင်းမြတ် ဘူမီဘော အဒူရာဒစ်အား သွားရောက်တွေ့ဆုံ ဂါရ၀ ပြုခဲ့ပြီး ထိုင်း ၀န်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်နဲ့အတူ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ပါတယ်။ 


သမ္မတ အိုဘားမားဟာ ထိုင်းဘုရင်နှင့် ထိုင်းဝန်ကြီးချုပ် အစိုးရတို့နဲ့ မတွေ့ဆုံခင် ထိုင်းနိုင်ငံကို ရောက်ပြီး နာရီပိုင်းအတွင်းမှာ အိုဘားမားဟာ သံရုံးဝန်ထမ်း ၆၀၀ ကို တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီနောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်နဲ့ အတူ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Wat Pho ဗုဒ္ဓဘာသာ ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ 

သမ္မတ အိုဘားမားဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ တည်ခင်းတဲ့ ညစာစားပွဲကို အိုဘားမားတက်ရောက်ခဲ့ပြီး ၂ နိုင်ငံ ပူးတွဲ သတင်းစာရှင်းလင်းပွဲနဲ့ ၂ နိုင်ငံ သဘောတူမှုကိုလည်း ကြေညာပြောခဲ့ပါတယ်။၏

သမ္မတ အိုဘားမားဟာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ ထိုင်းနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved