အမေရိကန်သမ္မတ အိုဘားမား၊ ဓာတ်ပုံ- TimesCall.com
အခုလို မြန်မာ့မြေပေါ် အိုဘားမား တယောက် ခြေချလိုက်တာက နှစ်ပေါင်းများစွာ အတွင်းမှာ သမ္မတ တဦးအနေနဲ့ ပထမဆုံးဖြစ်နေပေမယ့် အိုဘားမား မိသားစုအနေနဲ့ ပြောရင်တော့ သူဟာ ပထမဆုံး မဟုတ်ပါဘူး။
ဘာကြောင့်လည်း ဆိုတော့ သမ္မတ အိုဘားမားရဲ့ ကင်ညာနိုင်ငံသား အဘိုးဖြစ်သူ ဟူစိန် အွန်ညန်ဂို အိုဘားမားက ဒုတိယ ကမ္ဘာစစ်ကာလတုန်းက ဗြိတိသျှ စစ်ဗိုလ်တယောက်အတွက် ထမင်းချက် တဦးအဖြစ် မြန်မာနိုင်ငံကို လာရောက်အမှု ထမ်းခဲ့ဖူးလို့ပါပဲ။
စိန့်လူ့ဝစ်မှာ ရှိတဲ့ ၀ါရှင်တန် တက္ကသိုလ်က အာဖရိကန် သမိုင်းပါမောက္ခ တင်မိုလ်သီ ပါဆင် က ပြောတာကတော့ သမ္မတ အိုဘားမားရဲ့ အဘိုးဖြစ်သူရဲ့ ဇစ်မြစ်ဟာ မြန်မာနိုင်ငံပါဝင်ပြီး ပြောရရင် အမေရိက၊ အရှေ့အာဖရိကနဲ့ အရှေ့တောင်အာရှ ဆိုတဲ့ သုံးနေရာကို တြိဂံသဖွယ် သူ့ဘ၀က ဆက်နွယ်ဖြတ်သန်းခဲ့ရတာလို့ ဆိုပါတယ်။
မြန်မာသမိုင်းပညာရှင် တဦးဖြစ်တဲ့ ဦးသန့်မြင့်ဦးကလည်း အဘိုးဖြစ်သူရောက်ဖူးတဲ့ မြန်မာပြည်ကို သူမြင်တွေ့ရမယ်လို့ ဆို ပါတယ်။
“အမေရိကန်သမ္မတ မြန်မာပြည်ကို ရောက်ရင် ၁၉၄၀ ခုနှစ်တုန်းက သူ့အဘိုးဖြစ်သူ ရောက်ခဲ့ဖူး တဲ့ မြန်မာပြည်ဆိုတာကို အံ့သြဖွယ် သူ တွေ့ရပါလိမ့်မယ်”လို့ ဆိုပြောထားတာကို The New York Times မှာ ဖော်ပြထားပါတယ်။
သုတေသန သမားတွေပြောကြားချက်အရ ဒုတိယ ကမ္ဘာစစ်ကာလ အတွင်းက ကင်ညာနိုင်ငံသား ၇ သောင်းခွဲ လောက် မြန်မာနိုင်ငံမှာ အမှုထမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အိုဘားမားရဲ့ အဘိုးဖြစ် သူ မြန်မာပြည်က ပြန်လာတဲ့အခါ သူနဲ့ လက်ထပ်ခဲ့တယ်လို့ပြောပြ တဲ့ မြန်မာ အမျိုးသမီး ဓာတ်ပုံ တပုံလည်း ပါလာခဲ့ပါတယ်။
“သူက ကျနော့်အမေနဲ့ တူတယ်” လို့ သမ္မတဖြစ်လာမယ့် အိုဘားမားက သူ့အကြောင်းရေးတဲ့စာထဲမှာ ဓာတ်ပုံထဲက မြန်မာ အမျိုးသမီးကို ရည်ညွှန်းရေးခဲ့ဖူးပါတယ်။
အိုဘားမားရဲ့ အဘိုးဟာ ၁၈၉၅ ခုနှစ်က မွေးတယ်လို့ ယူဆရပြီး ၁၉၇၉ ခုနှစ်က ကွယ်လွန်တယ်လို့ သတင်းတချို့က ဆိုထားပေမယ့် အတည်ပြုလို့တော့ မရပါဘူးတဲ့။
အခုလိုဆိုရင်တော့ သမ္မတ အိုဘားမားဟာ အဘိုးဖြစ်သူ ရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံကို အပြာနဲ့ အဖြူ ဘိုရင်း ၇၄၇ အမျိုး အစား Air Force One လေယာဉ်ကြီးနဲ့ ဆယ်စုနှစ် ၇ ခုလောက်ကြာပြီးနောက်မှာ ဆိုက်ရောက်လာတာလည်းဖြစ်ပါတယ်။
0 comments :
Post a Comment