ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက် ဥယျာဉ်ထဲက ဖြစ်ရပ်ဆန်းများ

Tuesday, November 20, 2012


 ဓာတ်ပုံ-ဧရာဝတီ~
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက် ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ တက္ကသိုလ်ရိပ်သာလမ်း    
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကြိုးစားပမ်းစား သုံးနေရ ပါတယ်။

အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေ အများကြီးပါဝင်နေပါတယ်။ တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။ ဒီနိုင်ငံက မတရားမှုတွေ ဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့အတွက် ကျနော့် ကိုနှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

 ဟော အခုကျတော့လည်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော် ဖိတ်ကြား  
ခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့မလိမ်မိုး မလိမ္မာတာတွေကို မေ့ သွားကြပြီ ဆိုတဲ့ သဘော  
ပေါ့။ ဒီလို ကမ္ဘာမှာအကျော်ကြားဆုံး ခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်း အလဲပါ။ 

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော်  ပြန်လည်  မြင်ယောင် မိပါတယ်။ 

အဲဒီတုန်းကဆိုရင် ထောက်လှမ်းရေးတွေက ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေ အပြည့်ပါတဲ့  ကားတစီးစီးများ ဒီခြံနားကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့  တိုးတိုးတိုးတိုး သတင်းပို့ ကြတော့တာဘဲ။ 

အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမပြောနဲ့ ဟောဒီတက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ဘယ်နားကို မှကားရပ်လို့ မရဘူး။ အခုတော့လည်းဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့်သည်တွေထဲမှာ နာမည် အကြီးဆုံး
ဖြစ်တဲ့ အမေရိကန် သမ္မတအိုဘားမား လာရောက်တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။ 

ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုတွေရဲ့ ရာဇ၀င်တင်တဲ့ ဖြစ်ရပ်ပါ။ အမေရိကန် အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ် သူ လူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတအရင်းအမြစ်တွေကို လုပ်ချင်သလို လုပ်ခွင့် သလို ပေးလိုက်သလို ဖြစ်စေခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ 

၂၀၀၉ ခုနှစ်မှာတော့ အမေရိကန်အစိုးရဟာ ဘာမား လို့ ခေါ်တွင်နေဆဲဖြစ်တဲ့  မြန်မာနိုင်ငံ အပေါ်ထားရှိ တဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ 

ရရှိလာတဲ့ အဖြေကတော့ မြန်မာအပေါ်ထားတဲ့ သဘောထားကို သိသိသာသာပြောင်းလဲဖို့ပါပဲ။ ဒါပေမဲ့  ဒီစေ့စပ်ညှိနှိုင်းမှုကို အားလုံးက စောင့်ကြည့်နေကြပြီး ဘယ်လို မြန်မြန်ဆန်ဆန် အကောင် အထည်ဖော် သွားမလဲဆိုတာ အသေအချာမခန့်မှန်းနိုင်ခဲ့ ပါဘူး။ 

အခု ဒီခြံထဲမှာရှိတဲ့ အရာရှိကြီးတွေကတော့ ဒီလိုပြောင်းလဲမှုတွေ အတွက်သူတို့ အံသြ၀မ်းသာရတာကို ပွင့်ပွင်းလင်းလင်းကို ထုတ်ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်တာ နှစ်နှစ်လောက်ပဲရှိသေးတာနဲ့ ဒီမိုကရေစီကို သွားရာလမ်းကြောင်းကလည်း တလွဲကြီးဖြစ်နေတာကို မမေ့ သင့်ဘူးဆိုတာကိုပါ။ အခုတော့ဒေါ်စုဟာ လွတ်မြောက်ရုံသာမက ကမ္ဘာအရပ်ရပ်က   ခေါင်းဆောင်  
တွေနဲ့ ပါတွေ့ ဆုံနေပါပြီ။

သူဟာလွှတ်တော်အမတ်တယောက် ဖြစ်နေပြီး သမ္မတ ဦးသိန်းစိန်ကတောင် ဒေါ်စုဟာ တနေ့မှာ  
ခေါင်းဆောင် တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားနေပါတယ်။ 

ဒါပေမယ့် ဒီရလဒ်တွေပျောက်ပျက်မသွားဖို့ အရေးကြီးပါတယ်။ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း အခြေအနေ အတော်ဆိုးနေပါတယ်။ နိုင်ငံရဲ့ ၂၅ ရာခိုင်နှုန်းလောက် မီးမရသလို ကျန်းမာရေးစောင့်ရှောက်မှုကလည်း အတော်နိမ့်ကျနေပါတယ်။ လူမျိုးစုပြဿနာတွေကလည်း ရှိနေပြီး နိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်နဲ့   အနောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ ပြဿနာတွေဆက်လက် ဖြစ်ပွားနေဆဲပါ။ 

စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲ ဖြစ်သလို ရာပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားတွေလည်း သံတိုင်တွေနောက်မှာ ရှိနေဆဲပါ။။ ဒါပေမဲ့ အရင်တုန်းက ဘယ်တုန်းကမှ မရှိခဲ့တ့ မျှော်လင့်ချက်တရားတွေတော့ ဒီနိုင်ငံမှာရှိလာပါပြီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်းရနံ့တွေလည်း လေထဲမှာ သင်းပျံလာပါတယ်။ 

နှင်းဆီနံ့ တွေနဲ့ အတူဒီလေထုထဲမှာ ရနေတဲ့ အရာတခုလည်း ရှိပါသေးတယ်။ ဒါကတော့ အင်တာနက် ပါ။ မြန်မာနိုင်ငံလို အင်တာနက်သုံးရတာ နှေးကွေးဈေးကြီးရုံတင်မက ကန့် သတ်ချက်တွေများတဲ့  တိုင်းပြည်တခုမှာ အခုလို ပန်းခြံထဲကနေကြိုးမဲ့ အင်တာနက်သုံးပြီး အီးမေးလ်တွေစာတွေ ပို့ နေရတာ တကယ့် ကို မယုံနိုင်စရာကြီးပါ။ 

မယုံရင်လည်း ပုံပြင်လို့ သာမှတ်လိုက်ပါတော့။ ထပ်ပြောရအုန်းမယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်  ခြံထဲကနေ အင်တာနက်သုံးနေပါတယ်။

 CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secret garden ဆောင်းပါးကို မထားထားမြင့် ဘာသာပြန်ဆိုရေးသားထားတဲ့ Burma Nweselite မှ ကူးယူဖော်ပြလိုက်ပါတယ်။


2 comments :

  1. Anonymous said... :

    human can chage everythngs if there have enough wish,

  1. Unknown said... :

    ရိုဟင်ဂျာ လို့ သုံးသွားတာတွေ့ရပါတယ်။
    အပြင်းအထန်ကန့်ကွက်ပါတယ်။
    ဘင်္ဂလီဟုသာသုံးစွဲခေါ်ဝေါ်ပါရန် မြန်မာပြည်သူများကိုယ်စား၊ရခိုင်တိုင်းရင်းသားများကိုယ်စား ဆောင်းပါးရှင်အား
    လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved