မြန်မာ့ တရားရေးစနစ် ဥရောပ သမဂ္ဂ ပညာရှင်တွေ ကူညီမယ်

Friday, November 9, 2012



 ဥရောပ သမဂ္ဂမှ ကျွမ်းကျင်ပညာရှင်များ မြန်မာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကိုလာတွေ့ဆုံပုံ၊ ဓာတ်ပုံ- ကြေးမုံ သတင်းစာ

မြန်မာနိုင်ငံရဲ့ တရားရေး စနစ် ပြုပြင်ပြောင်းလဲမှုတွေမှာ ဥရောပသမဂ္ဂက တရားရေး ကျွမ်းကျင် ပညာရှင် 
တွေက မြန်မာ တရားသူကြီးတွေကို သင်တန်းတွေပေးပြီး နည်းလမ်းတွေ ကူညီပေးတော့မှာဖြစ်ပါတယ်။ 

ဥရောပ သမဂ္ဂက Mr. Richard Samuel Horsey ဦးဆောင်တဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို နေပြည်တော်မှာ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က လာရောက်တွေ့ ဆုံဆွေးနွေးခဲ့ကြတာကို ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဆိုပါတယ်။ 

လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ ဥပဒေရေးရာ၊ တရားစီရင်မှုရေးရာ 
တွေနဲ့ ပတ်သက်ပြီး အသားကျ အကျွမ်းတ၀င် ရှိပြီးသားဖြစ်တဲ့ ဥရောပ သမဂ္ဂအနေနဲ့ မြန်မာပြည်က တရားသူကြီးတွေကို အခုလို သင်တန်းတွေပေး၊ နည်းလမ်းတွေကူညီ၊ အတွေ့အကြုံတွေမျှဝေပေးမှု ဟာ မြန်မာနိုင်ငံရဲ့ တရားရေး စနစ်ကို အဓိက ပြုပြင်ပြောင်းလဲသွားရေးမှာ အထောက်အကူကြီး တခုဖြစ် မှာပါ။ 

တချိန်ကတော့ မြန်မာ့ တရားရေး စနစ်ဟာ လာဘ်ပေး၊ လာဘ်ယူမှုတွေနဲ့ အလွန် အငြင်းပွားဖွယ် ရာတွေ ဖြစ်ခဲ့ပါတယ်။ ခေတ်တွေ၊ စနစ်တွေပြောင်းလဲလာပြီးနောက်မှာ မြန်မာ့တရားရေး စနစ် ဂုဏ်သိက္ခာ နဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်ရေး ကြိုးစား လုပ်ဆောင်လာနေတာတွေကို တကယ်ဖြစ်လာမလားဆို တာတော့  စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 


1 comments :

  1. Anonymous said... :

    They know all better than EU, how to create problem, how to ask for money,,,,

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved