ရန်ကုန်ဖုန်းတွေ နိဋ္ဌိတံပြီ

Tuesday, November 27, 2012

 
~




ရွက်စိမ်း ~


    ရန်ကုန်ဖုန်း လို့ ခေါ်ကြတဲ့ CDMA 800 MHz အမျိုးအစား မိုဘိုင်းဖုန်းတွေကို ထပ်မံချထား ပေး ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဒီဖုန်းတွေကို ၂၀၁၀   နှစ်ဆန်းပိုင်းမှာ ငွေကျပ် ၅သိန်းနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒီဖုန်းတွေက လိုင်းဆွဲအားလည်း ကောင်းမွန်တဲ့ အတွက် လူကြိုက်များတဲ့အထဲမှာ ပါဝင်ပါတယ်။

ပေါ်ဦးစမှာ ရန်ကုန်၊ နေပြည်တော် ၀န်းကျင်သာ သယ်ဆောင်သွားလို့ ရပြီး တဖြည်းဖြည်းနဲ့ လိုင်းတိုးချဲ့ပေးတာကြောင့် အခုဆိုရင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ မုံရွာ၊တောင်ကြီး၊ မန္တလေး၊ပုသိမ်၊ မော်လမြိုင်၊ ပြည် စတဲ့မြို့နဲ့ တိုင်းဒေသကြီးတွေအထိ သယ်ဆောင် အသုံးပြုလို့ ရနေပါပြီ။

ဒီဖုန်းတွေ အသုံးပြုနိုင်တဲ့ ဒေသကို တိုးချဲ့ရေး  အစီအစဉ်တော့ မရှိဘူးလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကနေ သိရပါတယ်။

ဈေးနှုန်း နဲ့ အင်တာနက်သမားတွေ အကြိုက်

 ငါးသိန်းနဲ့ ရောင်းနေရာကနေ ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး  နှစ်သိန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။  ဇူလိုင် ၂၆ ရက်နေ့မှာပဲ အရောင်း ရပ်ဆိုင်းခဲ့တာပါ။

အင်တာနက် သုံးစွဲခွင့်ကိုတော့  EVDO စနစ်နဲ့  သုံးပြုခွင့်ပေးထားပြီး တမိနစ်ကို ၄ကျပ်နှုန်း ကောက်ခံပါတယ်။ GSM ဖုန်းတွေ အင်တာနက် သုံးတာထက် ၂ကျပ် ပိုဈေးမြင့်နေပေမယ့်လည်း စီ ၈၀၀ က အင်တာနက် လိုင်းဆွဲအား ပိုကောင်းမွန်တာကြောင့် လူကြိုက်များပါတယ်။
    “ကျမ ၀ယ်တုန်းက ၂၀၁၀ ဖေဖော်ဝါရီလမှာ။ ၅၃၀,၀၀၀ လောက်ကို ပေးဝယ်ရတယ်။  အခုတော့ ဈေးတွေကလည်း ကျပြီး တနိုင်ငံလုံး သယ်သွားလို့ မရတဲ့အပြင် အင်တာနက်ခကပါ ၄ကျပ် ဆိုတော့ အရှုံးပဲ ရှိပါတယ်။ နယ်တွေ ခရီးထွက်ရင် ရမလား ဆိုပြီး သယ်သွားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ကွမ်းခြံကုန်းတို့မှာတောင် မရပါဘူး” လို့ ဒီဖုန်း ကိုင်ဆောင်အသုံးပြုသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဈေးတက်လာမလား
    ဒီဖုန်းမျိုး  ထပ်မချပေးတော့ဘူး ဆိုတောကြောင့် ဖုန်းဈေးနှုန်းတွေ ပြန်တက်လာမလား ။

ရန်ကုန် လသာမြို့နယ်က ဖုန်းအရောင်းဆိုင် တစ်ခုက “ စီ ၈၀၀ နဲ့ စီ ၄၅၀ ဖုန်းတို့က အခုနောက်ပိုင်း လူစိတ်ဝင်စားမှု သိပ်မရှိတော့ဘူး။ ဘာကြောင့်လဲ ဆိုရင် သူ့ကို သုံးတာထက်စာရင် W CDMA တွေလည်းလိုင်းဆွဲအား ကောင်းမွန်ပြီ်း GSM ဟန်းဆက်နဲ့ ပဲ အသုံးပြုလို့ ရတာကြောင့် WCDMA တွေကို ပိုသုံးလာကြတယ်။ စီဒီအမ်အေ တွေက ဟန်းဆက်ကလည်း ရှားလာပြီကိုး၊ GSM ဟန်းဆက်တွေက အလန်းတွေ ၀င်နေပြီး နောက်ဆိုရင်ပြည်ပ နိုင်ငံတွေကိုပါ သယ်ဆောင်လို့ ရအောင် လုပ်ပေးနေပြီ ဖြစ်တဲ့အတွက်  GSM နဲ့ WCDMA ကို လူတွေ ပိုပြီး သုံးလာကြတယ်။ ဖုန်းဈေးတွေကတော့ တက်ဖို့ဆိုတာ သိပ်ပြီး မရှိတော့ဘူး.ဒီထက် ကျဖို့ ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။

    အခုအချိန်မှာတော့ WCDMA ဖုန်းတွေကို  နှစ်သိန်းခွဲနဲ့ ရောင်းချပေးနေပြီ၊ အင်တာနက် လျှောက်ရင် ကျပ် တစ်သောင်း ၊သုံးစွဲခ ၂ကျပ်နဲ့  တစ်နိုင်ငံလုံးကို သယ်ယူသွားလို့ ရပြီ၊ လိုင်းဆွဲအားလည်း ကောင်းမွန်တာကြောင့် ၀ယ်ယူမှုအား ကောင်းနေပါတယ် လို့ ဖုန်းအရောင်းဆိုင်တွေက ပြောပါတယ်။

   





















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved