ချပ်ကြီး ဘူတာကိစ္စ စုံစမ်းရေး ဖွဲ့

Saturday, November 17, 2012



မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ ထွက်ခွာလာသော လောင်စာဆီ ၁၀ တွဲပါသည့် ရထားအမှတ် 807 ၏ ဆီတွဲ ၃ တွဲ မိုင်တိုင် 511/8-13 ချပ်ကြီးဘူတာအ၀င်၌ လမ်းချော် တိမ်းမှောက် မီးလောင်နေစဉ် (ဓာတ်ပုံ – မင်းကြည်ဦး) 
 
စကိုင်းတိုင်း ချပ်ကြီးဘူတာအ၀င်မှာ ရထားလမ်းချော် တိမ်းမှောက်ပြီး လောင်စာဆီတွဲတွေက သွန်ကျလာ တဲ့ လောင်စာဆီ ခပ်ရင်း သေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး အဖြစ်မှန် ဖော်ထုတ်ဖို့ စုံစမ်းရေးအဖွဲ့တခု ဖွဲ့စည်း တာဝန်ပေး လိုက်ပါတယ်။
 
အဆိုပါ ရထားတိမ်းမှောက်ရာသို့ ချပ်ကြီး ဘူတာအနီးက ကျေးရွာသူ ကျေးရွားသားတချို့ လာရောက် ကာ လောင်စာဆီ ခပ်ရာမှ မီးလောင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရာ နိုဝင်ဘာလ ၁၄ ရက်နေ့ ထိ သေဆုံးသူ စုစုပေါင်း ၃၄ ဦးရှိနေပြီဖြစ်ပြီး ဒဏ်ရာရရှိသူပေါင်း ၇၆ ဦး ရှိပါတယ်။
 
 
နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ အမိန့် ကြော်ငြာစာမှာ ပြည်ထဲရေး ၀န်ကြီးဌာန ဒု ၀န်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဥက္ကဌအဖြစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးလိုက်တာကို နိုင်ငံပိုင် ရုပ်သံနဲ့ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
 
 ဆက်စပ်သတင်း
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved