![]() |
ရဲအရာရှိတယောက် ကားထဲ အိပ်နေပုံ ဖြစ်ပါတယ်။ ဒီမနက် ရောက်လာမယ့် အိုဘားမားခရီးစဉ် မတိုင်ခင် ဒီအရာရှိ နာရီဘယ်လောက်ကြာ တာဝန်ယူထားမှန်း မသိရပါဘူး။ ပင်ပန်း အိပ်ရေးပျက်လို့ ယာယီ အိပ်နေတာလည်း ဖြစ်နိုင်ပါတယ်။
အိုဘားမားရဲ့ ရန်ကုန်မြို့ခရီးစဉ်မှာ မြန်မာအစိုးရက လုံခြုံရေးဝန်ထမ်း ရာထောင်ချီ ချထားတာပါ။
![]() |
သူတို့သွားလာမယ့် နေရာတွေကို ရက်အတန်ကြာကတည်းက လုံခြုံရေးအစီအမံတွေ သွားရောက် ဆောင်ရွက်တတ်ကြတာပါ။
အဲဒီလို ဆောင်ရွက်ရာမှာ ကျွမ်းကျင်ဝန်ထမ်းကအစ အနံ့ခံခွေး၊ ဗုံးရှာကရိယာအဆုံး ပါဝင်တတ်ပါတယ်။
0 comments :
Post a Comment