နဂါးနီ ၇၅ နှစ် ပြည့်ပါပြီ

Sunday, November 4, 2012


 

~ 





ရွက်စိမ်း ~
    မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလ တလျှောက်လုံးမှာ မြန်မာပြည်သူပြည်သားတွေကို မျိုးချစ်စိတ်ဓာတ် ပေါ်ပေါက်လာအောင် ဆောင်ရွက်ပြီး နိုင်ငံရေးဗဟုသုတ မြှင့်တင်ပေးခဲ့တဲ့ နဂါးနီ စာအုပ်အသင်းကြီးပေါ် ပေါက်ခဲ့တာ ဒီနေ့ (၇၅)နှစ်မြောက်ရှိပါပြီ။
   
အသင်းကြီးရဲ့စိန်ရတုအခန်းအနားကို  အမျိုးသားကဇာတ်ရုံ မှာ နံနက်(၉) နာရီ ကနေ ညနေ(၅)နာရီခွဲအထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။  အဲဒီအခမ်းအနားမှာ ပါဝင်မဲ့ အစီစဉ်တွေ ထဲမှာ စာရေးဆရာတချို့ရဲ့စာပေဟောပြောပွဲများ၊ စာအုပ်တိုက်ပေါင်း တရာကျော်က စာဖတ်သူတွေ စိတ်ကြိုက် အထူးဈေးနဲ့ ရောင်းချပေးသွားမယ့် အစီအစဉ်အပြင် ကာတွန်းပြိုင်ပွဲနဲ့ အလင်္ကာဝတတ်ရည် တေးဂီတဖျော်ဖြေပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။
   
 “ဒီပွဲကြီးကို နဂါးနီ အသင်းကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်၊ နဂါးနီစာအုပ်အသင်းကြီးကို ယနေ့ခေတ်လူငယ်တွေ သိရှိစေချင်ပါတယ်။ နောက်ပြီး စာပေမြင့်မှ လူမျိုးမြင့်မယ်၊ လူမျိုးမြင့်မှနိုင်ငံမြင့်မှာဖြစ်တဲ့အတွက်ကြောင့် အခုလိုပွဲကို စီစဉ်ရတာဖြစ်ပါတယ်” လို့ ဇောတိက ကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောပါတယ်။

မနက် (၁၀)နာရီမှာ စတင်မယ့် ဟောပြောပွဲ ခေါင်းစဉ် နှင့် ဟောပြောသူများ
စီးပွားရေးစီမံခန့်ခွဲမှု နှင့်နိုင်ငံရေး -  ဒေါက်တာ အောင်ထွန်းသက်
နဂါးနီ စာပေလှုပ်ရှားမှု နှင့် နိုင်ငံရေး - မောင်ခင်မင်(ဓနုဖြူ)
ပညာရေးလောကနှင့်နိုင်ငံရေး - မောင်သာချို
မာခ်စ်ဝါဒနှင့် နိုင်ငံရေး - ဦးကိုကိုမောင်ကြီး(ခ)ဦးချစ်လှိုင်
ကာတွန်းနှင့်နိုင်ငံရေး - အော်ပီကျယ်
စာပေနှင့်နိုင်ငံရေး -  မစန္ဒာ
သမိုင်းနောက်ခံဝတ္တုနှင့်နိုင်ငံရေး -ချစ်ဦးညို

အမျိုးသားကဇာတ်ရုံမှာ ကပွဲများ၊ တေးဂီတပွဲများ ကျင်းပလေ့ ရှိပေမယ့် စာရေးဆရာများရဲ့စာပေဟောပြောပွဲကို ကျင်းပတာဟာ  ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။











-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved