စစ်ဗိုလ်အစစ်ကို အတုက လိမ်လို့ ဖမ်းခံရတယ် ဆိုတဲ့အမှု

Wednesday, November 14, 2012

စစ်ဗိုလ် အစစ်ကို သွားရောက်၍ လိမ်လည်သည့် စစ်ဗိုလ်အတု၊ ဓာတ်ပုံ-မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ ၀က်ဆိုက်

စစ်ဗိုလ် အစစ်ကို သွားလိမ်လည်ရာမှာ ဗိုလ်အတု အဖမ်းခံလိုက်ရတယ် ဆိုတဲ့ဖြစ်စဉ်တခုပါ။ စစ်ဗိုလ်အစစ်မှာလည်း တကယ့်ကို ယုံကြည်ပြီး ဆုံးရှုံးမှုတွေ မရှိခင် လက်မတင်လေးမှာ စစ်ဗိုလ် စစ်သားတို့ရဲ့ သံသယ စိတ်ဖြစ် စဉ်ကြောင့် လိမ်လည်သူကို ဖမ်းဆီးမိခဲ့ရပါတယ် တဲ့။ 

ဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဆက်သွယ်ရေး ၀န်ကြီးဌာနက ဒု ဗိုလ်မှူးကြီး သန်းထွဋ် ဆိုသူက ရှမ်းပြည်နယ် မိုးမောက်မြို့နယ်က ခလရ ( ၂၇၃ ) မှာ တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး အောင်ကျော်နိုင် ( ကြည်း- ၄၀၈၇၀) ဆိုသူရဲ့ လက်ကိုင်ဖုန်းကို ဖုန်းဆက်လာပါတယ် တဲ့။

ဖုန်းထဲမှာလည်း ဒု ဗိုလ်မှူးကြီး သန်းထွဋ် ဆိုသူက ဗိုလ်ကြီး ကျော်နိုင်လင်းရဲ့ လက်ကိုင်ဖုန်း နံပါတ်ဟာ သမ္မတ ဦးသိန်း စိန်ရဲ့ လက်ကိုင်ဖုန်း အလုံးရေပေါင်း ၇ သိန်းထဲက ကံထူးရှင် ၅ လုံးရွေးချယ်မှုထဲက ကံထူးရှင် လက်ကိုင်ဖုန်း နံပါတ်ဖြစ် တယ်လို့ ပြောဆိုပါတယ်။ 

ဒီကံထူးရှင် ဖုန်း ၅ လုံးကိစ္စကိုလည်း ရုပ်ရှင်နဲ့ စာနယ်ဇင်းတွေရှေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး အခု ကံထူးရှင် တယ်လီဖုန်း ၅ လုံးထဲက ဗိုလ်ကြီး ကျော်နိုင်လင်းရဲ့ လက်ကိုင်ဖုန်းနံပါတ်ဟာ ပထမဆု ရရှိပြီး ဆုငွေအဖြစ် ကျပ်သိန်းပေါင်း ၂၇၀၀ ကို ပြည်တွင်း အခွန်ဦးစီးဌာနမှာ ထုတ်ယူရမှာဖြစ်ပါတယ်တဲ့။ 

ဒါပေမယ့် ဒီငွေတွေကို နိုင်ငံတော် ဘဏ္ဍာငွေထဲက ပေးတာဖြစ် လို့ ဆုငွေဟာ တိုက်တာ၊ ကား၊ အိုးအိမ် ၀ယ်ယူမယ်ဆိုရင် ထာဝရ အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်တယ်လို့ သူက ယုံကြည် အောင်ပြောဆိုခဲ့တယ် လို့ ဆိုပါ တယ်။ 

ဒီက တဆင့် ဒီလို အခွန်ကင်းလွတ်တဲ့ ဆုငွေတွေ တရားဝင် ရရှိဖို့တော့ လောလောဆယ် ငွေကျပ် ၁၇၅ဝဝဝဝိ/- ( ဆယ် ခုနှစ်သိန်းခွဲ) ကို ရန်ကုန် ကမ္ဘောဇဘဏ်ကို လွှဲပေးဖို့ ပြောဆိုလာပြီးနောက် ဗိုလ်ကြီး ကျော်နိုင်လင်း ကလည်း ချက်ချင်းပဲ ဗန်းမော်မြို့ထဲ ရှိနေခိုက် ဒုဗိုလ်မှူးကြီး သန်းထွဋ် မှာကြားတဲ့ အတိုင်း အလုံ ကမ္ဘောဇဘဏ်က ဦးသော်ထက်၊ ၁၄/မအန (နိုင်) ၁၆၂၇၇၁ အမည်နဲ့ ဗန်းမော် ကမ္ဘောဇ ဘဏ်က လွှဲပို့လိုက်ပါတယ်။ 

အဲဒီလို ငွေ ဆယ်ခုနှစ်သိန်းခွဲကို ငွေလွှဲပို့ပြီးမှ သံသယဖြစ်စိတ်ကြောင့် ချက်ချင်းပဲ ဗန်းမော်ကမ္ဘောဇ ဘဏ် ကို အကြောင်း ကြားပြီး တဖက်က ငွေလာထုတ်မည့်သူကို ဖမ်းဆီးနိုင်ရေး ရဲ စခန်းမှာ အမှုဖွင့်ခဲ့ရင်း ဒုဗိုလ်မှူးကြီး သန်းထွဋ် အမည်ခံ အယောင်ဆောင်ထားတဲ့ ဦးသော်ထက် ဆိုသူကို အလုံ ကမ္ဘောဇဘဏ် ကို ငွေလာထုတ်စဉ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်လိုက်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved