နိုင်/ကျဉ်းဟောင်း လူပျိုကြီးတယောက်တော့ စွံသွားပြီ

Thursday, November 1, 2012

   နော်ဝေနိုင်ငံရောက် ကိုသိမ်းဆွေ ၊ ဓာတ်ပုံ- ကိုသိမ်းဆွေဖေ့စ်ဘုတ်

 နိုင်ငံရေးအကျဉ်းသားဟောင်း တဦးတော့ အခု ၀ါလ ကင်းလွတ် သတင်းကျွတ်အခါ သမယမှာ လူပျိုကြီး ဘ၀က ကျွတ် လွတ်သွားခဲ့ပါပြီ။ 

သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဖျာပုံမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုသိမ်းဆွေပဲ ဖြစ်ပါတယ်။ 

 နိုင်ငံရေးအကျဉ်းသားဟောင်း၊ NLD ပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုသိမ်းဆွေ၊ ဓာတ်ပုံ- ကိုသိမ်းဆွေ ဖေ့စ်ဘုတ်
  
ကိုသိမ်းဆွေနဲ့ လက်ထပ်လိုက်တဲ့သူကတော့ မသင်းမိုးမိုးလွင်ပဲဖြစ်ပါတယ်။  


 မသင်းမိုးမိုးလွင်၊ ဓာတ်ပုံ-မသင်းမိုးမိုးလွင်
ဒီကနေ့ သတင်းစာထဲမှာ ကိုသိမ်းဆွေနဲ့ မသင်းမိုးမိုးလွင်တို့ရဲ့ မင်္ဂလာဦး အတွက် အမျိုးသား လွတ်တော် ကိုယ်စားလှယ်များက ဆုတောင်းမှုတခုကို ကြော်ငြာထည့်ထားပါတယ်။ 


ကိုသိမ်းဆွေနဲ့ မသင်းမိုးမိုးလွင် တို့ဟာ ချစ်သူသက်တမ်း နှစ်ကာလ ကြာရှည်စွာဖြတ်သန်းခဲ့ကြ သူတွေ
ဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုသိမ်းဆွေ တယောက် အကျဉ်းစံဘ၀ ကာလများမှာ နံရံ များ 
ခြားခဲ့ရတဲ့ ချစ်သူဘ၀ အလွမ်းတွေနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာပါ။ 


မသင်းမိုးမိုးလွင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးတွေအတွက် အင်္ဂလိပ်စာ အပါအ၀င် နိုင်ငံတကာ ဗဟုသုတများကို ပညာဒါနမျှဝေနေသူလည်းဖြစ်ပါတယ်။ 

အမေရိကန်ပြည်ထောင်စု ပင်ဆာဗေးနီးယား ပြည်နယ် တက္ကသိုလ်မှာ ပညာသင်ယူခဲ့သူလည်းဖြစ်ပါ တယ်။ 

ကိုသိမ်းဆွေတယောက်အခုလို သတင်းကျွတ်နဲ့ အတူ စွံသွားပြီး၊ နောက်ထပ် ဘယ်လူပျိုကြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ စွံကြမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved