တောင်ကြီးတိုးဂိတ်အရေး ဆန္ဒပြရန် ခွင့်ပြုချက်မပေး

Wednesday, November 14, 2012

~





ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~



  တောင်ကြီးမြို့နယ်၊ အောင်သပြေရပ်ကွက် တိုးဂိတ်တည်ဆောက်တာကို ကန့်ကွက်ဆန္ဒပြလိုသူတွေဟာ ရဲတပ်ဖွဲ့ထံ  ခွင့်ပြုချက် တောင်းပေမယ့်  မြို့နယ်ရဲရော  ပြည်နယ်ရဲအဖွဲ့ကပါ ခွင့်ပြုချက် မပေးခဲ့ပါဘူး။

ဒါကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို  တိုင်ကြားသွားမယ်လို့ အောင်သပြေရပ်ကွက် ဒေသခံတို့က ပြောပါတယ်။


ငြိမ်းချမ်းစွာစီတန်း လည့်လည်ခွင့် တင်တဲ့နေ့ - အောက်တိုဘာ ၂၂
မြို့နယ်ရဲတပ်ဖွဲ့  ငြင်းပယ်တဲ့နေ့ - အောက်တိုဘာ ၂၉
ပြည်နယ်ရဲတပ်ဖွဲ့က ငြင်းပယ်တဲ့နေ့ -  နိုဝင်ဘာ ၉
ပြည်နယ်ရဲတပ်ဖွဲ့က အယူခံလွှာကို ပလပ်ကြောင်း ပြန်ကြားစာမှာ အချက် ၆ ချက် ပါဝင်ပါတယ်။ဲဒီအချက်တွေနဲ့ ပတ်သက်ပြီး ဒေသခံတဦးက ~

- ယင်းအချက်များမှာလည်း မိမိတို့ ပြည်သူများ ပြောဆိုနေသည်နှင့် သဘာဝမကျကြောင်း၊
- ဆန္ဒဖော်ထုတ်လိုမှုကို ဖြေရှင်းပေးထားတဲ့ အကြောင်းအရာ တစ်ချက်မှ မပါကြောင်း အောင်သပြေဒေသခံ ကိုမေဘရန်က ပြောပါတယ်။

- အောက်တိုဘာ ၃ ရက်နေ့ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံ ဆောက်လုပ်နေမှုကို ခေတ္တ ရပ်ဆိုင်းထားရန် ကြေညာချက် ထွက်လာသော်လည်း ကုမ္မဏီက  တိုးဂိတ်ကို  ဆက်လက်တည်ဆောက်ခဲ့ကြောင်း၊
- ယင်းအတွက် ဆန္ဒဖော်ထုတ်ခွင့် တင်ခဲ့ရခြင်းဖြစ်ကြောင်း၊
- ယခု ထပ်မံ ပလပ်ခံရသည့်အတွက် တရားဥပဒေ ဘောင်အတွင်းကပဲ  ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
ကိုမေဘရန်က ဆက်ပြောပါတယ်။





































-

1 comments :

  1. Unknown said... :

    တိုင်းပြည်ဆက်သွယ်မှုကောင်းအောင်လုပ်ပေးတာဘဲဗျာလမ်းကောင်းယင်အသွားအလာကောင်းတာဘဲမဟုတ်လားအခွင့်အေ၇း၇တိုင်းဘာလို့ဆန္ဒပျြချင်နေ၇တာတုံး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved