ကျားဖြူနှင့် ရှမ်းပြည်မျိုးဆက် တွေ့ဆုံ

Saturday, November 3, 2012

~


ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~


 
ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစ၀်ယွန်းပိုင်  နှင့် ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့တို့ ယမန်နေ့က အလွတ်သဘော တွေ့ဆုံခဲ့သည်။

တောင်ကြီးမြို့၊ မြို့မရပ်ရှိ ကျားဖြူပါတီ ရုံးခန်းတွင် တွေ့ဆုံစဉ် ရှမ်းပြည်မျိုးဆက်အင်အားစုမှ ကိုညီမိုး၊ ကိုမိုးတို့က လတ်တလော ရှမ်းပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဒေသဆိုင်ရာ ပြဿနာများ၊ ဘော်ဆိုင်း သတ္တုတွင်း အရေး၊ အောင်သပြေ တိုးဂိတ် နှင့် ဒေသခံတို့ ဖြစ်ပေါ်နေမှုများ ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအရေး အစရှိသည်တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

   ဦးစ၀်ယွန်းပိုင်က  နောင်တွင်လည်း ဆက်လက် ဆွေးနွေး စကားပြောရန် ကြိုဆိုပါကြောင်း၊ မိမိတို့ ကျားဖြူပါတီ ရုံးခန်းသို့ အစဉ်အမြဲ ၀င်ထွက်သွားလာ နိုင်ကြောင်း ပြောကြားခဲ့သည်။




--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved