မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက်ထွက်ပေါ်

Thursday, November 1, 2012

ဗဟန်းမြို့နယ်၊ သံလွင်လမ်းက မိုးဟေကို နေအိမ်၊ ဓာတ်ပုံ- Myanmar Celebrity.com

အာက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူ့ ချစ်သူ ကိုညီညီထွန်းက ဘယ်လို သဘောထားတယ် ဆိုတာ  ကြေညာချက် ထွက်ပေါ်လာပါတယ်။ 

မော်ဒယ် မိုးဟေကိုရဲ့ ရည်စား ဖြစ်သူ ကိုညီညီထွန်းဟာ မိုးဟေကို လက်ရှိနေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင်လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ
ကြေငြာခဲ့ပါတယ်။

အဆိုပါ နေအိမ်ကိစ္စ ကြော်ငြာကိစ္စနဲ့ပတ်သက်ပြီး ကိုညီညီထွန်း၏ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်အား ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ  ကာယကံရှင် ကိုညီညီထွန်း၏ ညွှန်ကြားချက် အရဖြစ်ကြောင်း၊ မအေးအေးခိုင်ဆိုသည်မှာ မိုးဟေကိုဖြစ်ကြောင်း ဧရာဝတီကို အတည်ပြုဖြေကြားခဲ့ ပါတယ်။

"စည်ပင်မှာ သူ့တယောက်ထဲ အမည်ဖြစ်နေတော့ သူတို့အမည်ပေါက်သွားပြီးရင် လုပ်ရကိုင်ရ ခက်မှာပေါ့။  မအေးအေးခိုင်အမည်နဲ့ ၀ယ်ထားပေးတာပေါ့ ကိုညီညီထွန်းက။ သူ့တယောက်တည်း သဘောနဲ့ ထုခွဲ ရောင်းချလို့ မရအောင်လုပ်တဲ့ သဘောပါ" လို့ ဒေါ်ကျော့ကျော့လှိုင်က ဧရာဝတီကို ပြောပါတယ်။

ယခုအခါ သူတို့အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး ညွှန်ကြားထားသည့်အတိုင်း ကြော်ငြာထည့်သွင်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 

"ကိုညီညီထွန်း မရှိတဲ့အချိန်မှာ သူ မသိလိုက်ပဲ အမည်တွေပြောင်းသွားမှာတို့၊ ကိုညီညီထွန်း မသိပဲ ရောင်း သွားမှာတို့ ပေါင်မှာတို့ အထူးသဖြင့်ပေါ့နော်၊ အဲဒီလိုမျိုးတွေ ဆောင်ရွက်လို့ မရအောင် နောက်ဝယ်တဲ့ သူတွေကို Alarm ( သတိပေး)တဲ့ သဘောပေါ" လို့ ဒေါ်ကျော့ကျော့လှိုင်က ဧရာဝတီကို ပြောပါတယ်။ 


ထိုကြေငြာချက်အရ ညီညီထွန်းနဲ့ လက်ရှိ သံလွင်လမ်း အမှတ် ၇၄/ဘီ ပိုင်ဆိုင်သူ မအေးအေးခိုင် တို့ဟာ ၂၀၀၈ခုနှစ် ဧပြီလကတည်းက တရားဝင် လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ မအေးအေးခိုင် နာမည် နဲ့ သံလွင်လမ်းရှိ အမှတ်၇၄/ဘီ အိမ်ကို ညီညီထွန်းက မအေးအေးခိုင် နာမည်ဖြင့် ၀ယ်ပေးခဲ့ တယ်လို့ ဆိုပါတယ်။




လက်ရှိ အိမ်ထောင်ရေး အဆင်မပြေတာကြောင့် စင်ကာပူမှာ နေထိုင်နေတဲ့ ကိုညီညီထွန်းရဲ့ ခွင့်ပြုချက်မရ ဘဲ အထက်ပါနေအိမ်ကို မအေးအေးခိုင်အနေနဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း မပြု လုပ်ပါရန် ကိုညီညီထွန်း ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ကျော့ကျာ့လှိုင်က ကြေငြာချက်ထုတ်ခဲ့တာဖြစ်ပါတယ်။

မိုးဟေကို အနေနဲ့ ဒီအိမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားသတင်းစာတွေထဲ ထည့်ကြော်ငြာ ရတဲ့အဖြစ်ဆိုတော့ ဘယ်လို အခြေအနေတွေ ရှိမလဲ ဆိုတာ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိကြမှာ ဖြစ် ပါတယ်။ 

မိုးဟေကို ရဲ့ အနုပညာပရိတ်သတ်များကို သိစေချင်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။ ညီညီထွန်းဟာ တချိန်က မိုးဟေကို ရဲ့ချစ်သူဖြစ်ခဲ့သလို ပရိသတ်များ အကြားမှာလည်း ပေါ်ပေါ်ထင်ထင် တွဲခဲ့ဖူးပါ တယ်။

ကိုညီညီထွန်းဆိုတာ လက်ရှိ စင်ကာပူနိုင်ငံမှာ နေထိုင်နေသူလည်းဖြစ်ပါတယ်။





ဓာတ်ပုံ-Myanmar celebrity.com

5 comments :

  1. Anonymous said... :

    if he had given to her unconditionally, that can not be reversed.

    He can not claim anything back.
    He can not hinder anything back.

    It is up to Moe Hay Ko. Because he had already given to her free, with documents.

    If there is any ' clause ' in the documents of handing over to her earlier, then that can be considered.

    Generally, he can not do anything.

    The lawyers who are now hired and advertised in newspapers are just taking the ' service fees ' and can not do anything effectively in favour of that man. That is according to democratic laws.

    I am sure, in Myanmar , it would be the same.

    Finally, lawyers will take the fee, Moe Hay Ko will still possess the property. And that man will lose the case. He can not claim back.

    Doubt ?
    Disbelief ?
    Wait and see.

  1. Anonymous said... :

    Mr Nyi Nyi tun, easy free money means not worth, diesel money going to fire..old say (coming from 'Parnit' go to 'Parnit')

  1. Anonymous said... :

    တရားဝင်လက်ထပ်ပြီး သူ့နာမည်နဲ့ ၀ယ်ပေးထားတဲ့အိမ်ကို ညီညီထွန်းအနေနဲ့ တရားဝင် လင်ယောက်ကျားအနေနဲ့ သူမသိဘဲ ရောင်းလို့မရအောင် ကန့်ကွက်တာကလွဲပြီး ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ တကယ်တမ်း တရားရင်ဆိုင်ရင် ညီညီထွန်း ရှုံးဖို့ဘဲ ရှိပါတယ်။ ပြန်ရဖို့ကတော့ လမ်းစ လုံးဝကို မရှိတော့ပါဘူး။ အပေါ်ကတစ်ယောက် ပြောသလို ပါနီထဲကလာတဲ့ရေ ပါနီထဲ ပြန်ရောက်သွားတာပါပဲ။ တရားဝင် မယား မိုးဟေကိုအနေနဲ့ ဒီအိမ်တင်မကပါဘူး၊ သူ့လက်ထက်ပွား ညီညီထွန်းပိုင်ဆိုင်သမျှကို တစ်ဝက်ပိုင်ဆိုင်ခွင့် ရှိနေတာပါ။

  1. တရားဝင်လက်ထပ်ပြီး သူ့နာမည်နဲ့ ၀ယ်ပေးထားတဲ့အိမ်ကို ညီညီထွန်းအနေနဲ့ တရားဝင် လင်ယောက်ကျားအနေနဲ့ သူမသိဘဲ ရောင်းလို့မရအောင် ကန့်ကွက်တာကလွဲပြီး ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး

  1. Unknown said... :

    ဟုတ်တယ်ဒီလူကမစားရတဲ့အမဲသဲနဲ့ပတ်တာလိုထင်တယ်ပြီတော့ဟိုကနိုင်ငံကျော်တစ်ယောက်ဒေါက်ဖြုတ်တာလို့လဲထင်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved