တာချီလိတ်၊ စည်ပင်ဝန်ထမ်းနဲ့ပတ်သက်လို့ ပေးစာ

Saturday, November 10, 2012

 မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တာချီလိတ်မြို့၊ ဓာတ်ပုံ- မခင်မာမြင့်
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်က ကျောက်တောင် ရပ်ကွက်မှာ စည်ပင်သာယာက နေအိမ်ခြံမြေ အရောင်းအ၀ယ် လုပ်ပြီးနောက် အမည်ပြောင်းသည့်အခါ မတရား အမည်ပြောင်းအခွန်ဆောင်မှုနှင့် ပတ်သက်၍ စည်ပင် အရာရှိတဦးက လာဘ် လာဘအဖြစ် အခွန်ငွေ ဆယ်ဆ တောင်းခံခဲ့မှုနှင့်ပတ်သက်၍ သတင်းဌာနမှတဆင့် တိုင်ကြားခြင်းဖြစ်ပါတယ်။ 

ကျမ မခင်မာမြင့်ဟာ မကြာသေးခင်ကာလက တာချီလိတ်မြို့နယ် ကျောက်တောင်ရပ်ကွက်က ပိုင်ရှင် ဦးစိုးမြင့်ထံမှ မြေ ကွက် တကွက်ဝယ်ယူခဲ့ရာမှာ နိုင်ငံတော်အား စာချုပ်စာတမ်းအရ အခွန်ပေးဆောင်ပြီး 
ဖြစ်သည့်အပြင် မြေကွက်အား ပုံမှန် အခွန်ဆောင်နေခဲ့ရသည်မှာ ကျပ်ငွေ ၂ သောင်းခွဲ နှင့် ဘတ်ငွေ ၆၀၀ ပေးဆောင်နေလေ့ရှိပါသည်။ 

သို့သော် ကျမ အနေဖြင့် ပိုင်ရှင် ဦးစိုးမြင့်ထံမှ ၀ယ်ယူပြီးနောက်ပိုင်း မြေကွက်အား ကျမ၏ မခင်မာမြင့် အမည်ပေါက် မြို့ နယ် စည်ပင်သာယာရေး ဌာနကို သွားရောက်လျှောက်ထားသည့်အခါ စည်ပင်အရာရှိ တဦးဖြစ်သူ ဒေါ်နိုင်နိုင်မော်က အမည်ပြောင်းရန်အတွက် ယခင် အခွန်ဆောင်နေသည့် ကျပ်ငွေ ၂ သောင်း ခွဲ ၏ ၁၀ ဆ ကျပ်ငွေ ၂ သိန်းခွဲနှင့် ဘတ်ငွေ ၆၀၀ ပေးဆောင်ရမည်ဖြစ်သည် ဟု ပြောဆိုလာခဲ့ပါသည်။ 

မည်သည့်အတွက်ကြောင့် အမည်ပြောင်းရာတွင် အခွန် ၁၀ ဆ ပေးဆောင်ရသနည်းဟု ထပ်မံ၍ သွား 
ရောက်မေးသည့် အခါ ကျပ်ငွေ ၃ သိန်းခွဲနှင့် ဘတ်ငွေ ၆၀၀ ပေးဆောင်ရမည်ဟု ထပ်မံ ပြောဆိုလာပါ သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အခြားသော စည်ပင် ၀န်ထမ်းများကလည်း ယခုကဲ့သို့ နှုန်းမှာ ထုံးစံ မဟုတ်ကြောင်းလည်း ပြောကြားပါသည်။ 

ထို့အပြင် အဆိုပါ အခွန်ကိစ္စနှင့်ပတ်သက်၍ ဒေါ်နိုင်နိုင်မော်က သူ၏ ဖုန်းနံပတ်၊ လိပ်စာတို့ကို ပေးကာ အဆိုပါ အခွန်နှုန်း နှင့် ပတ်သက်၍ နေအိမ်သို့ လာရောက်ကာ ဈေးနှုန်း ညှိနှိုင်း၍ ရကြောင်း၊ သို့မဟုတ် ပါက သူအနေဖြင့် ထိုကိစ္စ တနေရာ တွင် လူချင်းထပ်မံ တွေ့ဆုံကာ ဈေးနှုန်းညှိနှိုင်း၍ ရပါကြောင်း ပြောဆို လာပါသည်။ 

ထိုသို့ ဒေါ်နိုင်နိုင်မော်၏ ညှိနှိုင်းရန် ပြောဆိုလာမှုကြောင့် ပို၍ပင် အံ့အားသင့်ရပါသည်။ နိုင်ငံတော်မှ အခွန် ပေးဆောင်မှုကဏ္ဍသည် ထိုကဲ့သို့ ညှိနှိုင်း၍ ရလားဆိုသည်ကို ပို၍ စဉ်းစားစရာ ဖြစ်နေပါသည်။ 

မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွား ရေး ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နေပြီး လာဘ်ပေးလာဘ်ယူမှု များ လျော့ကျရေး ဆောင်ကျဉ်းနေမှုများကြောင့် ကမ္ဘာ့ အလယ် နာမည်ကောင်းများပေါ်ထွက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံ နယ်စွန်နယ်ဖျားဒေသတခုက အစိုးရ ၀န်ထမ်းတဦး၏ ယခုကဲ့သို့ မရိုးမသား လုပ်ဆောင်မှု ကို ဒေသအာဏာပိုင်များထံ တိုင်ကြားချင်သော်လည်း မထိရောက်နိုင်သည့်အတွက် ဧရာဝတီ သတင်းဌာန ကို အားကိုး၍ ဤစာကို ပေးပို့လိုက်ခြင်းဖြစ်ပါသည်။ 

ကျမကဲ့သို့ အခြားသော နိုင်ငံသားများလည်း နောက်နောင် အဆိုပါ စိတ်အနှောင့်အယှက်ဖြစ်စရာများ မရင်ဆိုင်ရစေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မကျစေရန် ရည်ရွယ်၍ ရေးသားတိုင်ကြားလိုက်ခြင်း ဖြစ် ပါသည်။ 

ဧရာဝတီ သတင်းဌာန အနေဖြင့် ကျမ ရေးပို့လိုက်သော စာပါ အကြောင်းအရာအား ဖော်ပြပေးပါရန် အနူးအညွတ် မေတ္တာ ရပ်ခံအပ်ပါသည်။ 

 ကျေးဇူးတင်စွာဖြင့် 

 မခင်မာမြင့် 

တာချီလိတ်မြို့ 

1 comments :

  1. Anonymous said... :

    နိုင်ငံတော်သမတကြီးနဲ့...ဘေးကအကြံပေနေကြတဲ့သူတွေဘာလုပ်နေကြပါလိမ့်......စည်ပင်။လ၀က။.ဆောက်လုပ်ေ၇။အခွန်ဦးစီး။သစ်တော။တ၇ာေ၇း..............အို...၀န်ထမ်းအားလုံး...လဘ်ပေးလဘ်ယူလုပ်နေကြတုံးပါဘဲ...ဒီနေ့အထိဘယ်ဝန်ထမ်းမှ...အေ၇းယူခံ၇တာ...မရှိသေးပါဘူ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved