မြန်မာပြည် အထက်ပိုင်း အင်အားပြင်း ငလျင် လှုပ်ခတ်

Sunday, November 11, 2012


မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၇ နာရီ ၄၂ မိနစ်က အင်းအားပြင်း ငလျင်တခု လှုတ်ခတ်သွားခဲ့ပါတယ်။ 

မန္တလေးမြို့မှ အနောက်မြောက်ဘက် ၁၁၃ ကီလိုမီတာ၊ ရွှေဘိုမြို့မှ အရှေ့မြောက် ၅၄ ကီလိုမီတာ ဝေး တဲ့ နေရာကို ဗဟိုပြု ၍ အင်အား ၆.၆ မဂ္ဂနီကျု ရှိတဲ့ ငလျင်လှုပ်ခတ်သွားတာကို ဂျပန်နိုင်ငံ တိုကျို အခြေစိုက် ငလျင်တိုင်းတာရေးစခန်းနဲ့ အမေရိကန် ဟာဝိုင်ရီ အခြေစိုက် ငလျင်တိုင်းတာရေး စခန်းတို့က ထုတ်ပြန်ကြေညာသွားပါတယ်။ 

ငလျင်ကြေညာချက်ကို ဤနေရာတွင် လည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။ 

ထိခိုက်ပျက်ဆီးမှု မည်ရွေ့မည်မျှ ရှိသည်ဆိုသည်ကို ဧရာဝတီက စုံစမ်းနေပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved