လက်ပံတောင်းအရေး နဲ့ တိတ်ဆိတ်နေတဲ့ အစိုးရမီဒီယာ

Thursday, November 29, 2012

~


အကြမ်းဖက် ဖြိုခွင်းခံရတဲ့ သပိတ်စခန်းတွေကို မုံရွာမြို့ တဘက်ကမ်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသမှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - google map)

အစိုးရ ရုပ်မြင်သံကြား/ရေဒီယိုတို့က သတင်းထူးတွေကို ချက်ချင်း ထုတ်လွှင့်တတ်ပါတယ်။

လတ်လော ပေါ်ပေါက်နေတဲ့၊ လူအများသိချင်နေတဲ့ လက်ပံတောင်းတောင် ဖြစ်ရပ်များကိုတော့ အစိုးရမီဒီယာများက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အွန်လိုင်းသုံးတဲ့ အစိုးရ အရာရှိများလည်း ကိုယ်ရောင်ဖျောက်နေကြပါတယ်။

အခုချိန်မှာ အများ သိချင်နေကြတဲ့ - ဆန္ဒပြသူတွေကို ဘာကြောင့် ဘယ်လို ဟန့်တားလိုက်သလဲ၊ ထိခိုက်ဒဏ်ရာရမှု ဘယ်လိုအခြေအနေရှိသလဲ၊ ဆန္ဒပြ ရဟန်းတချို့ ဒေသခံအရပ်သားတချို့ ဘာကြောင့် မီးလောင်ဒဏ်ရာ ရသွားသလဲ ဆိုတာတွေပါပဲ။

သပိတ်စခန်းတွေ မဖွင့်ခင် ကနဦး ဆန္ဒပြမှုတွေ ပေါ်ပေါက်ကတည်းက အာဏာပိုင်တို့ရဲ့ ကိုင်တွယ်မှုက လုပ်ရိုးလုပ်စဉ်ထက် ပိုမိုကြမ်းတမ်းခဲ့တယ်လို့ ဆန္ဒပြသူ ဒေသခံတို့က ပြောပါတယ်။

လက်ရှိအခြေအနေများအတွက် အစိုးရချုပ်ကိုင်ထားတဲ့ ရုပ်မြင်သံကြား/ရေဒီယိုတို့ရဲ့ အထူးသတင်းထုတ်ပြန်ချက်တွေကို အများပြည်သူက စောင့်ဆိုင်းနေပါတယ်။
သတင်းထုတ်ပြန်ခြင်း မရှိရင်တော့ သတင်းအမှောင်ချထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဆက်စပ် ~

မုံရွာမြို့နယ်မှူးကို အမျိုးသမီးများ တရားစွဲမယ်

ဒဏ်ရာများနဲ့ ဆားလင်းကြီး လက်ပံတောင်းတောင်

























-

1 comments :

  1. Anonymous said... :

    ပိုက်ဆံရအောင်ရယ် နိုင်ငံတကာအမြင်ကောင်းအောင်ရယ် သမ္မတကြီးလို့ခေါင်းစဉ်တပ် ဟန်ဆောင်နေရတာဟာ ပင်ပန်းပါတယ်ဗျာ။ စစ်တပ်ဆိုတာအရင်ကတည်းကလည်း ပြသနာကိုပြေပြေ လည်လည်ဖြေရှင်းတတ်တာမှ မဟုတ်တာ။ ဒီနည်းပဲ သုံးရမှာပဲ။ အဲဒီတော့ အကောင်းဆုံးအကြံပေးချင်တာက စစ်တပ်ကအာဏာပြန်သိမ်း၊ နိုင်ငံရေးစိတ်ဝင်စားသူများကို ထောင်တဲပြန်ထည့်။ ငြိမ်ဝပ်ပိပြားအောင်ပြန်လည်အုပ်ချုပ်လိုက်ပေါ့ဗျာ။ ပြည်သူတွေလည်း အဲဒီစနစ်မှာ နေသားကျနေပါပြီ။ ပိုနေမြဲ ကျားနေမြဲပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved