မြန်မာဦးဆောင်သည့် ပိဋကတ် ၃ ပုံ ရွတ်ဆိုပွဲ အိန္ဒိယမှာ ကျင်းပမယ်

Thursday, November 15, 2012


 ဓာတ်ပုံ- ကြေးမုံ သတင်းစာ 
 
မြန်မာနိုင်ငံက ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဃာယမှာ ပိဋကတ် ၃ ပုံ ရွတ်ဖတ်ပူဇော်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ၁၂ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကိုးကွယ်သူများပြားတာနဲ့အညီ ထေရ၀ါဒ သာသနာ ပြန့်ပွားဖို့ သီတဂူ ဆရာ တော်ကြီးနဲ့ ဂယာမြို့က ဆရာတော်ကြီးတွေ ဦးဆောင် ကျင်းပမှာလည်းဖြစ်ပါတယ်။ 

ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုးရွယ်ယုံကြည်ကြသူများတဲ့ မြန်မာနိုင်ငံ အပါအ၀င် သီရိလကာင်္၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အစ ရှိတဲ့ နိုင်ငံတွေက ရဟန်းတော်တွေဟာ နှစ်စဉ် မြတ်ဗုဒ္ဓ ဘုရားအဖြစ် ရတော်မူ တဲ့ မဟာဗောဓိပင် အောက်မှာ စုပေါင်းပြီး ပိဋကတ် ၃ ပုံကို သာသနာ သက္ကရာဇ်၂၅၅၀ နှစ် ခရစ် သက္ကရာဇ် ၂၀၀၆ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့တာ လည်းဖြစ်ပါတယ်။ 

အဆိုပါ နိုင်ငံများအနေနဲ့ နှစ်စဉ် နိုင်ငံတနိုင်ငံက ဦးဆောင်ကျင်းပလေ့ရှိခဲ့ရာက ယခုနှစ်မှာတော့   
မြန်မာနိုင်ငံက ဦးဆောင် ကျင်းပတာလည်းဖြစ်ပါတယ်။ 

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အခမ်းအနား  အောင်မြင်ခြင်း အခမ်းအနားကျင်းပ မှာဖြစ်ပြီး အထူး အစီအစဉ် အနေဖြင့် မြန်မာနိုင်ငံက သီတဂူ ဂီတအဉ္စလီ အလကာင်္အဖွဲ့မှ ဗုဒ္ဓဖြစ်စဉ်အကြောင်းနဲ့ ပတ်သက်တာ ကို ဖျော်ဖြေတင်ဆက် သွားမှာကိုလည်း နိုင်ငံပိုင် သတင်းစာဖြစ်တဲ့ ကြေးမုံ သတင်းစာတွင်ဖော်ပြ ထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved