အစိုးရအရာရှိနဲ့ Facebook အသုံးပြုမှု

Tuesday, November 6, 2012



~

 



 
ထိုင်ဝမ်မှာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ Hu Yu-wei က  ပြီးခဲ့တဲ့လဆန်းပိုင်း  Facebook မှာ ဟိုဟိုဒီဒီ ရေးမိလို့  ရာထူးက နုတ်ထွက်သွားရပါတယ်။

Facebook မှာ ရေးလိုက်တာကတော့ တက္ကသိုလ်မှာ သူ့တပည့်ဟောင်း ဖြစ်ခဲ့ဖူးသူနဲ့ အခု တွဲခုတ်နေတဲ့အကြောင်းပါပဲ တဲ့။

ခါတိုင်းလည်း Facebook မှာ မဆင်မခြင် ရေးခဲ့ဖူးပေမယ့် အခု နောက်ဆုံး ရေးသားချက်ကြောင့် ရာထူးကနေ သူထွက်သွားရတာပါပဲလို့ သတင်းတွေက ဆိုတယ်။

လက်ရှိ ထိုင်ဝမ်သမ္မတလည်း Facebook ကြောင့် ဒဏ်ရိုက်ခံရဖူးပါတယ် တဲ့။
သမ္မတ  Ma Ying-jeou က ရွေးကောက်ပွဲနေ့တုန်းက သူ့ကို မဲပေးဖို့ Facebook ကနေ တိုက်တွန်းခဲ့တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ဒဏ်ရိုက်တာလို့ ဆိုတယ်။
သူ့ကို မဲပေးရေး Facebook ကနေ တိုက်တွန်းတာဟာလည်း ရွေးကောက်ပွဲနေ့မှာ မဲမဆွယ်ရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာလည်း Facebook ကွင်းထဲ ဆင်းလာသူ အစိုးရအရာရှိတွေ ရှိပါတယ်။ 
သူတို့ကတော့ Facebook မှာ ဘယ်လိုရေးလိုက်ရင် သက်ရောက်မှု ဘယ်လောက်ဖြစ်သွားမယ် ဆိုတာ နားလည်သူတွေ ဖြစ်ဟန်တူပါတယ်။
ထိုင်ဝမ်က အစိုးရ ပြောခွင့်ရ အရာရှိအဖြစ်ကနေ ပြုတ်သွားတဲ့သူလို ပုဂ္ဂိုလ်ရေးတွေ ရေးကြတာ မဟုတ်ပါဘူး။
အာဏာပိုင်တို့ရဲ့ မူဝါဒပိုင်းတွေ၊ ဖြစ်စေချင်တာတွေကို ရေးကြတဲ့နည်းနဲ့ Facebook ကို ကောင်းကောင်း အသုံးပြုနေသူတွေ ဖြစ်နေကြပါပြီလို့ ယူဆရပါတယ်။



 











- -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved