PSY က သားပိုက်ကောင်လို က ပြသွားဖို့ ရှိ

Thursday, November 22, 2012



နိုင်ငံပေါင်း ၃၀ ကျော်မှာ ထိပ်တန်း နံပါတ် ၁ နဲ့ ၅ အတွင်း လူကြိုက်အများဆုံးဖြစ်နေတဲ့ တောင်ကိုရီယား အဆိုတော် အကပညာရှင် PSY ဟာ  သြစတြေလျမှာ လွန်ခဲ့တဲ့ လ က ဖျော်ဖြေခဲ့ပါတယ်။ 

ဖျော်ဖြေပွဲ ပြီးတော့ သြစီ ရုပ်သံတခုက အမျိုးသမီးက ရုပ်သံ အင်တာဗျူးလုပ်ပါတယ်။ ဒီအထဲမှာ ရုပ်ဆိုး ရဲ့သားနဲ့ မိန်းကလေးတွေက ဘာကြောင့် ကြိုက်ကြသလဲ ဆိုတဲ့ မေးခွန်းကို လည်း မေးထားလေရဲ့။

နောက် ထပ်ထွက်မယ့် ခြေလှမ်းအတွက် ဘယ်လို စဉ်းစားရခက်နေတာတွေကိုလည်း PSY က အိပ်မက်ဆိုးတခုလို ခေါင်းစားနေပါတယ်တဲ့။ 

ဒါနဲ့ နောက်ထပ် အိုင်ဒီယာကောင်းတခုရဖို့ သြစီရဲ့ သင်္ကေတာ သားပိုက်ကောင်အရုပ်ကလေးနဲ့ ပြပြီး သူတို့ခုန်သလို မစဉ်းစားမိဘူးလားလို့ မေးတော့ တနေ့နေ့ အဲဒီ သားပိုက်ကောင် ခုန်သလို အကလည်း သူ့ရဲ့နောက်ပိုင်း ထွက်လာမယ့် အယ်ဘမ် တခုခုမှာ ထည့်သွင်းဖျော်ဖြေသွားမယ်တဲ့ ။ 

အခု နာမည်ကြီးနေတဲ့ Gangnam Style ဆိုတာက မြင်းစီးတဲ့ပုံနဲ့ ကမ္ဘာ့ပရိသတ် အကြိုက်ဖြစ်ခဲ့ရတာပါ။ PSY အနေနဲ့ သားပိုက်ကောင် ခုန်သလို ဘယ်လို က ပြဖျော်ဖြေမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved