RCSS တောင်ကြီးရုံးရဲ့ လှုပ်ရှားမှု

Tuesday, November 20, 2012

~




ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


မကြာသေးမီက ဖြစ်ပေါ်လာသော အပြောင်းအလဲများတွင် RCSS ခေါ် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီက တောင်ကြီးတွင် ဆက်ဆံရေးရုံး ဖွင့်နိုင်ခဲ့ခြင်းလည်း ပါဝင်သည်။

 RCSS   နှင့် တောင်ကြီးဒေသ အရပ်ဘက် လူမှုအဖွဲ့တို့ တနင်္ဂနွေနေ့က ကန်အောက်ရပ်၊ ကုန်သည်လမ်းရှိ RCSS ပြည်သူ့ဆက်ဆံရေး ရုံးတွင် အလွတ်သဘော တွေ့ဆုံ စကားပြောကြသည်။

RCSS  အဖွဲ့၏ ငြိမ်းချမ်းရေး သဘောထားများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ပတ်သတ်ပြီး စီစဉ် ဆောင်ရွက်နေမှုများ၊ နိုင်ငံတော် သမ္မတာ နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် (၁၂) ချက် စသည့် အကြောင်းအရာတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေး တိုင်ပင် အမြင် ဖလှယ်ခဲ့ကြသည်။

                  RCSS  ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ခေါင်းဆောင် ဗိုလ်မှုးချုပ် စိုင်းပေါင်ခေးက
-  ပြည်သူ့ဆက်ဆံရေးရုံးကို အချိန် မရွေး ပြည်သူများ၊ မီဒီယာများ ၀င်ရောက်နိုင်ကြောင်း
- အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် (၁၂) ချက်ကို မူအားဖြင့် သဘောတူညီထားကြောင်း၊
- အပြည့်အ၀ သဘော တူညီမှု မရသေးကြောင်း၊
- ဒေသခံ အရပ်ဖက် လူ့အဖွဲ့ အစည်းများ၊ ပြည်သူများ   ပါဝင် ကြဖို့ ပူးပေါင်းကြဖို့ ဖိတ်ခေါ် ကမ်းလှမ်းကြောင်း
စသည်ဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲတို့တက်ရောက်လာသူ တချို့ရဲ့ ဆွေးနွေးချက်

 တွေ့ဆုံခွင့်၊ညှိုနိုင်းခွင့် ရတာ ၀မ်းသာကြောင်း၊ မိမိတို့နှင့် နယ်မြေ ချင်း ထိစပ်နေတဲ့အပေါ်မှာ လူထုအတွက် ရှေ့ဆက်ပြီး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း။
ဗိုလ်မှုး ဘုန်းနိုင်
 ရလလဖ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့၊ ဆက်ဆံရေးရုံး တာဝန်ခံ


 ငြိမ်းချမ်းရေးနှင့်စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ပြည်သူ့ အခန်း ကဏ္ဍကို RCSSကောင်စီ အဖွဲ့က ဖော်ဆောင်ပေးတဲ့ အတွက် ၀မ်းမြောက် ၀မ်းသာကြိုဆိုကြောင်း၊ ပြည်သူတို့ကလည်း ငြိမ်းချမ်းရေး ၀ိုင်းဝန်းဖော်ဆောင်ပေးကြဖို့ လိုကြောင်း။
ကိုစိုင်းမျိုးဝင်းထွန်း

 ရှမ်းပြည်မျိုးဆက် အင်အားစု







 




-













~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved