လက်ပံတောင်းပဲ့တင်သံ အမှတ် (၃)

Sunday, December 2, 2012

~




 မုံရွာမြို့အနီး လက်ပံတောင်းတောင်မှာ ဆန္ဒပြနေတဲ့ ဒေသခံတွေ၊ သံဃာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၀င်ရောက် ဖယ်ရှား လူစုခွဲရာမှာ  ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာရသွားကြပါတယ်။
ဆန္ဒပြသူတွေ မီးလောင် ဒဏ်ရာတွေရရှိသွားတယ်၊ ဒေါ်အောင်ဆန်းစုကြည် အဲဒီဒေသကို သွားရောက်ခါနီးမှာ သပိတ်စခန်းတွေ အဖျက်ခံရတယ်၊ ကန့်ကွက်ခံနေရတဲ့ စီမံကိန်းက
တရုတ်အစိုးရကျောထောက်နောက်ခံပြုကုမ္မဏီတခုနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးဦးပိုင်လီမီတက် ပူးပေါင်းလုပ်ကိုင်နေတဲ့ စီမံကိန်းဖြစ်တယ် ဆိုတဲ့ အချက်တွေကြောင့်  ဒီသတင်းဟာ ထိပ်တန်း နိုင်ငံတကာသတင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာပြည် အထူးသဖြင့် ရန်ကုန်မြို့ အလွှာအသီးသီးက ပုဂ္ဂိုလ်များရဲ့ သဘောထားကို ဧရာဝတီ သတင်းထောက်များက မေးမြန်းထားပါတယ်။

သဘောထား စုစည်းမှု အပိုင်း ၃ ကို ဖော်ပြလိုက်ပါတယ်။

***************************************************************


ဦးသုစိတ္တ
ဆန္ဒပြစဉ် ဒဏ်ရာရခဲ့သော သံဃာတပါး


လက်ပံတောင်းတောင် (စီမံကိန်း) ကို ရပ်ဆိုင်းပေးဖို့ပဲ ဆက်လက်ပြီးတော့ တောင်းဆိုချင်ပါတယ်။

***************************************************************
မဖြူဖြူသင်း

လွှတ်တော်ကိုယ်စားလှယ်

  

ပြည်သူလူထုရဲ့ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမယ်။
ဒီမိုကရေစီ အစိုးရဆိုတာ အတတ်နိုင်ဆုံးတော့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းသင့်တယ်လို့ ပြောချင်ပါတယ်။

လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ရင်တော့ အများကြီး အံ့သြမိတယ်။
နိုင်ငံက ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလို အကြမ်းဖက်လုပ်ရပ်တွေကို လုပ်လိုက်ဟာ ဘယ်လိုမှ မဖြစ်သင့်တော့ပါဘူး။
ဒီမိုကရေစီဆိုတာ အားလုံး တွေ့ဆုံညှိနှိုင်းပြီး ဖြေရှင်းရမှာလေ။ ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်ရတယ်။ ဒီကိစ္စကို ရှုတ်ချတယ်။

***************************************************************

သျှီ

အဆိုတော်


ကျွန်မ ဘယ် အကြမ်းဖက်မှု ကိုမဆို ဆန့်ကျင်ပါတယ် ...

ကန့်ကွက်ပါတယ် ...

ရက်စက်မှုတွေ ရပ်တန့်စေချင်ပါတယ် ...

***************************************************************

ဦးသိန်းညွန့်

လွှတ်တော်ကိုယ်စားလှယ်
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင်
-

ဒီမိုကရေစီကို တည်ဆောက်နေဆဲ အစိုးရနဲ့ ဒီမိုကရေစီအခွင့်အရေး လိုလားသူ ပြည်သူတွေကြားမှာ အင်မတန်မှ ရုပ်ဆိုးစေခဲ့တဲ့ အဖြစ်ပါ။
ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို လွှတ်တော်က အတည်ပြုပြီးလို့ လာစစ်ဆေးတဲ့အချိန်မှာ ခုလို ဖြစ်သွားတယ်။
ဒါကြောင့် အစိုးရရဲ့ ဒီဖြစ်ရပ်အပေါ်ကို လက်နက်ဥပဒေ နဲ့ညှိစွန်းခြင်းရှိ၊ မရှိဆိုတာကို ကော်မရှင်တရပ် ဖွဲ့စည်းပြီးတော့ စစ်ဆေးသင့်ပါတယ်။

ကျနော်တို့ နိုင်ငံက နုနယ်တဲ့ ဒီမိုကရေစီတည်ဆောက်နေဆဲ အဆင့်မှာပဲ ရှိသေးတော့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ ကစားကွက်ထဲကို ၀င်မသွားဖို့ သတိထားရမယ်။

တရားဥပဒေစိုးမိုးရေးဆိုတဲ့ အမြင်နဲ့ကြည့်မယ် ဆိုရင်တော့ တရုတ်ကုမ္ပဏီသာမကဘူး ဦးပိုင်ရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က ဒီစီမံကိန်းကိုမရပ်ဆိုင်းဘဲ
ဒေသခံတွေအတွက် လိုအပ်တဲ့ အခွင့်အရေး လျှော်ကြေးတွေပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ။

ဒါကို အရင်တုန်းက လုပ်နည်းလုပ်ငန်းအတိုင်း မတရားတာမှန်သမျှ ဆန့်ကျင်မယ်၊ သပိတ်လုပ်မယ် ဆိုတဲ့ ပုံစံနဲ့သွားလုပ်မိတော့ ဒီလိုမျိုးတွေ ဖြစ်ကုန်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ သူမဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်တယ် ဆိုတာကို အမြဲတမ်း သတိထားစေချင်ပါတယ်။









မှတ်ချက်။    ။ အဆိုတော် သျှီ၏ ပြောဆိုချက်နှင့် မဖြူဖြူသင်း ပြောဆိုချက်ကို မှားယွင်းစွာ ဖော်ပြခဲ့မိပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြန်လည် ပြင်ဆင်လိုက်ပါတယ်။ 

ဆက်စပ်  ~

လက်ပံတောင်းပဲ့တင်သံ အမှတ် (၁)

လက်ပံတောင်းပဲ့တင်သံ အမှတ် (၂)

လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ် (၁)

လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ် (၂)





















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved