မော်လမြိုင် စာပေ မာရသွန်

Friday, December 28, 2012



~



ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


မွန်တို့ဌာနေမော်လမြိုင်မှာ မာရသွန်ဟောပြောပွဲတွေ ကျင်းပနေပါပြီ။ ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပမယ့် ဟောပြောပွဲတွေပါ။
ဟောပြောသူတို့ကတော့ စုံစုံလင်လင်ပါပဲ။ စာပေလောကသားတွေ ပါဝင်သလို စာရေးတဲ့  နိုင်ငံရေးသမားများလည်း ပါဝင်ပါတယ်။
နိုင်ငံရေးသမားများ ပါဝင်နေတာကတော့ မော်လမြိုင်မှာ ၅ ရက်ဆက်တိုက် ကျင်းပနေတဲ့ စာပေဟောပြောပွဲကြီးရဲ့ ထူးခြားချက်ပါပဲ။


ကျင်းပတဲ့ နေရာကတော့  မြေနီကုန်းရပ်၊  မဟာမြိုင်ပယိရတ္တိစာသင်တိုက် ဖြစ်ပါတယ်။

မသီတာ(စမ်းချောင်း)၊
ကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသား)၊ 

သန်းမြင့်အောင်၊ 
ဇာဂနာ၊ 

ကောင်းသန့်၊ 
ကျော်ကျော်လှိုင်၊ 

အဏ္ဏ၀ါစိုးမိုး၊ 
စန်းစန်းနွဲ့(သာယာဝတီ)၊

လင်းသိုက်ညွန့်၊ 
ကျော်ဝင်း၊

မင်းချမ်းမွန်၊
 ရဲသျှမ်း 
အရင်က တရားနှင့် ပတ်သက်သည့် ပွဲများသာ အလုပ်များခဲ့ကြောင်း၊ ယခုအခါ စာပေ ပညာ ပြန့်ပွားစေလိုသည့် ရည်ရွယ်ချက်ဖြင့်  စာပေဟောပြောပွဲ   ကျင်းပရန် ၀ိုင်းဝန်း စီစဉ်ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူ အဖွဲ့ဝင်များက ပြောသည်။

စာပေဟောပြောပွဲနဲ့အတူ  ကာတွန်းပြပွဲကိုလည်း တွေ့ကြရမှာပါ။

ဒီပွဲကြီးကို   မော်လမြိုင်မြို့ခံ စာပေသမားတွေနဲ့  ကာတွန်းဆရာများ ပူးပေါင်းပြီး စီစဉ်တာပါ။

ကာတွန်းပြပွဲက  ဒုတိယ အကြိမ်မြောက်ပြသတဲ့ပွဲလို့ သိရပါတယ်။

 အနယ်နယ် အရပ်ရပ် ကာတွန်းဆရာ  (၆၆) ယောက်ရဲ့ လက်ရာတွေ ပါဝင်တဲ့ပွဲ ဖြစ်ပါတယ်။ 

ဒီပွဲကြီးကနေ ကာတွန်းဆရာတွေ အများအပြား ပေါ်ထွန်းစေချင်တဲ့ ရည်ရွယ်ချက်၊ ပြည်သူတွေကိုလည်း သတင်း မီဒီယာအသံ အမှန် ရောက်ရှိစေလိုသည့် ရည်ရွယ်ချက်၊  ကာတွန်းကို
တိုက်ရိုက် ခံစားစေလိုတဲ့ ရည်ရွယ်ချက်တို့နဲ့ ဒီပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ကာတွန်းဆရာ ဘုန်းကျော်(မော်လမြိုင်) က ပြောပါတယ်။

 ကာတွန်းဆရာ CMM( မော်လမြိုင်) ကလည်း         ကာတွန်းမျိုးဆက်သစ်တွေကို လက်တွဲခေါ်လိုတယ်လို့  ပြောပါတယ်။

       စာရေးဆရာများ၏ ဟောပြောပွဲမှ ကောက်နှုတ်ချက်.............

ကျွန်မ ဘာစာတွေရေးမှန်းမသိဘဲ  မင်းတို့ဖိတ်တဲ့ စာရေးဆရာက ရယ်ကောရယ်ရလား လို့ မေးခံရတဲ့ မြို့တွေမှာလည်း.......ကျွန်မ ဟောပြောခဲ့ဖူး၊ ကြုံခဲ့ဖူးပါတယ်...။
မသီတာ (စမ်းချောင်း)

       တရားဥပဒေဆိုတာ ပြည်သူကို တုပ်နှောင်ဖို့၊ ကြိုးချည်ဖို့ မဟုတ်ပါဘူး...........။
သန်းမြင့်အောင်

































--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved