မန္တလေးမြို့  မဟာအောင်မြေမြို့ နယ် သံလျက်မော် အနောက်အရာတော်ရပ် ဆုတောင်းပြည့်  နန်းဦး
စေတီဘုရားအနီး ရွှေအိုးရမြတ်စွာဘုရား ဗုဒ္ဒပူဇနိယ ပွဲတော် အထိမ်းအမှတ် ပထမအကြိမ် စာပေ
ဟောပြောပွဲ ကို ယနေ့ ညနေ ၇း၃၀ နာရီခန့် က ကျင်းပခဲ့ပါသည်။
အဆိုပါ စာပေဟောပြောပွဲကို ၂ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ပထမနေ့ တွင် စာရေးဆရာမ ယဉ်ယဉ်နု (မန္တလေး)၊ စာရေး ဆရာ ဇော်ခိုင်ဦး နှင့်  ၈၈ မျိုးဆက် ကျာင်းသား ကိုမင်းကိုနိုင်တို့ မှ ဟောပြောခဲ့ကြပါ သည်။
ဒုတိယနေ့ တွင် စာရေးဆရာချစ်ဦးညို ၊ ဆရာညီမင်းညို ၊ဦးဘုန်း(ဓါတု)တို့  မှ ဟောပြောကြမည် ဖြစ် ကြောင်း သိရှိရပါသည်။
မန္တလေးရှိ ရပ်ကွက်များတွင်ပွင့် လင်းရာ သီစသည်နှင့် အရပ်ဘုရားပွဲများ စတင်လေ့ ရှိပြီး ယခု စာပေ
ဟောပြောပွဲ မှာ မရာတော်အရပ်ဘုရားပွဲများအကြိမ် ၁၀၀ ကျော်တွင်ပထမဆုံး ထည့် သွင်း ကျင်းပသော စာပေဟောပြောပွဲဖြစ်ကြောင်း ဘုရားပွဲ ကျင်းပရေးတာဝန်ခံတဦးမှ ပြောကြားပါသည်။
အဆိုပါ စာပေဟောပြောပွဲသို့  ရပ်ကွက်သူ/သား ၁၀၀၀ ကျော်ခန့် လာရောက်ခဲ့ ကြောင်းသိရှိရပါသည်။
0 comments :
Post a Comment