ဆီယက်တယ်မှာ ပြုလုပ်မယ့် ဟောပြောပွဲ

Saturday, December 8, 2012

-



အမေရိကန်ပြည်ထောင်စု ဆီယက်တယ်မြို့က Seattle Asian Art Museum မှာ ပြုလုပ်မယ့် မြန်မာပြည်ဆိုင်ရာ ဟောပြောပွဲကို စနေနေ့ ဒေသ စံတော်ချိန် မနက် ၉း၃၀ မှာ ပြုလုပ်ပါမယ်။
ဟောပြောမယ့်သူက ဧရာဝတီသတင်းဌာန အယ်ဒီတာ အောင်ဇော်၊
အကြောင်းအရာက လတ်တလော မြန်မာပြည်စာနယ်ဇင်းအခြေအနေ ဖြစ်ပါတယ်။

ဒီဟောပြောပွဲကို ပြီးခဲ့တဲ့ လမှာ စာနယ်ဇင်းဆရာမောင်ဝံသ တက်ရောက် ဟောပြောဖို့ ပြင်ဆင်ခဲ့ကြပါတယ်။
သို့သော်လည်း မောင်ဝံသရဲ့ ကျန်းမာရေး အခြေအနေကြောင့် အစီအစဉ် ပြောင်းသွားပါတယ်လို့

www.elliottbaybook.com မှာ တွေ့ရတဲ့ ဟောပြောပွဲဆိုင်ရာ အချက်အလက် စာမျက်နှာမှာ ရေးထားပါတယ်။

၂ လခွဲကြာ ပြုလုပ်နေတဲ့ အပတ်စဉ် မြန်မာပြည်ရေးရာ ဟောပြောပွဲများမှာ မြန်မာပြည်ဆိုင်ရာ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ မျက်မှောက်ရေးရာ စတဲ့ အကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။






















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved