တရုတ်နိုင်ငံမှာ သေဒဏ် ချမှတ်ခံထားရသူ မူးယစ်ရာဇာ စိုင်းနော်ခမ်း၏ နောက်လိုက်ဟု ယူဆရသူ ထိုင်း တဦး ကို ဘတ်ငွေ ၂၅ သန်းခန့်ရှိသည့် ပိုင်ဆိုင်မှုများနှင့် အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းအာဏာပိုင်များက ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေ အဆိုအရ သိရပါတယ်။
ချင်းမိုင်မြို့ရှိ အမှတ် ၅ ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တို့က ပူးပေါင်း၍ ဖမ်းဆီး လိုက်ခြင်း ဖြစ်တယ်လို့ ယမန်နေ့ ညက ထိုင်းနိုင်ငံ အမှတ် ၇ ရုံ/သံ ဌာနက ထုတ်လွှင့်သွားခဲ့တာပါ။
0 comments :
Post a Comment