ဒါရိုက်တာမီးပွားကို ဘယ်သူနမ်းသွားသလဲ ~ |
လာမယ့် ရက်ပိုင်းအတွင်း အကယ်ဒမီဆုများ ပေးအပ်တဲ့အခါ ဘယ်သူတွေ ရနိုင်ချေ ရှိတယ် ဆိုတာ စာနယ်ဇင်းတချို့မှာတော့ ခန့်မှန်းနေကြပါပြီ။
ဒီနှစ်တော့ ရုပ်ရှင်သမားများ အခြေချရာ ရန်ကုန်မှာ ပြန်လုပ်တော့မယ် တဲ့။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ တနင်္ဂနွေ မွန်းလွဲပိုင်း၊ သုဝဏ္ဏကွင်းမှာ လုပ်မှာ ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ချင်း - ထူးထူးခြားခြား အစီအစဉ်တွေ ရှိတယ်၊ ဘာတွေလဲ ဆိုတာတော့ ပရိသတ်ကို ကြိုပြောလို့မရဘူး လို့ ဆိုတယ်။
ရုပ်သံကနေ တိုက်ရိုက်လွှင့်မယ်၊ မွန်းလွဲပိုင်း ၃ နာရီ ၀န်းကျင်ကနေ ည ၈း၀၀ သတင်းကြေညာချိန်အထိ တိုက်ရိုက်လွှင့်မှာပါ တဲ့။
၂၀၁၁ ဇန်န၀ါရီမှာ တွေ့ခဲ့ရတဲ့ အကယ်ဒမီပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဆက်စပ် -
ပရိသတ်ပေးသည့် မဲစနစ်ဖြင့် အကယ်ဒမီဆုပေးပွဲ ယခုနှစ် မဖြစ်နိုင်သေး
ညိမ်းပြည့်စုံ
--
0 comments :
Post a Comment