ရန်ကုန်က စုံတွဲများ ဘာလိုအပ်သလဲ

Thursday, December 6, 2012

~



(Photos: Steve Tickner / The Irrawaddy)
နေမပူ မိုးမရွာလည်း  ထီးဆောင်းရသူတွေကတော့ ရန်ကုန်က စုံတွဲတချို့ ဖြစ်ပါတယ်။

ရန်ကုန်စုံတွဲများ ရောက်တတ်ကြ၊ ဆုံတွေ့တတ်ကြတဲ့ ရိုမန်တစ်ဆန်တဲ့နေရာထဲမှာ အင်းလျားကန်လည်း  ပါပါတယ်။


ကန်ဘောင်ပေါ်မှာ ပူးကပ်ထိုင်ကြတဲ့ အတွဲတွေရဲ့ လုံခြုံရေးအကာအကွယ်ကတော့  ဖွင့်ပြီး ခပ်အုပ်အုပ်ဆောင်းထားကြတဲ့ ထီးတွေပါပဲ။

စုံတွဲတိုင်း ထီးလိုအပ်တာတော့ မဟုတ်ပါဘူး။

ချိန်းတွေ့ချိန် သီးခြားကမ္ဘာလေး ဖန်တီးလိုသူတွေအတွက်တော့ အမှန်တကယ် လိုအပ်ပါတယ်။


ဒီအကြောင်း အင်းလျားကန်ဘောင်မှာ လမ်းလျှောက်ခဲ့သူ ဧရာဝတီ သတင်းထောက် လ၀ီဝမ်းကရေးထားပါတယ်။

မူရင်းသတင်းလင့်က http://www.irrawaddy.org/archives/20565 ဖြစ်ပါတယ်။

ဒီလို ပန်းခြံဥယျာဉ်တွေမှာပဲ စုံတွေတွေ ကျက်စားတာ မဟုတ်ပါဘူး၊ ဘုရားတွေမှာလည်း ချိန်းကြ တွေ့ကြပါတယ် တဲ့။

ဘုရားရင်ပြင်မှာ ထိုင်ကြတဲ့ စုံတွဲတချို့က ကျောက်ချထိုင်ရင်း နမ်းကြပြုကြလို့ ထင်ပါရဲ့ ရန်ကုန်မြို့ ဘုရားပရ၀ုဏ်တွေမှာ စုံတွေမထိုင်ရ ဆိုတဲ့ ဆိုင်းဘုတ်များ ထင်ထင်ရှားရှား ချိတ်ဆွဲထားတတ်ကြပါတယ်။

ထိုင်ရုံတင်ပဲဆိုရင်တော့ ဒီလိုဆိုင်းဘုတ်မျိုး ပေါ်မလာဘူးလို့ ယူဆရပါတယ်။

ဟုတ်ပါတယ် - ဘာသာရေးဆိုင်ရာနယ်မြေတွေကတော့ စုံတွဲတို့ရဲ့ လွတ်မြောက်နယ်မြေ မဖြစ်သင့်ပါဘူး။


သူတို့ဘက်ကလည်း နေရာ အခက်အခဲ ရှိနေပါတယ်။

ရန်ကုန်မှာရှိတဲ့ ပန်းခြံ၊ ဥယျာဉ် အရေအတွက်က ရန်ကုန်စုံတွဲအင်အားနဲ့ မမျှ ဖြစ်နေပါတယ်။

ရန်ကုန်မြို့မှာ ချစ်သူစုံတွဲတွေ တွေ့ဆုံနိုင်ရေးအတွက်သာမက အများပြည်သူ လည်ပတ် အပန်းဖြေဖို့ ပန်းခြံဥယျာဉ် ပိုမို လိုအပ်နေတာကတော့ အမှန်ပါပဲ။

ဒီအကြောင်းက ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။

ပန်းခြံ၊ ဥယျာဉ် အရေအတွက် တိုးချဲ့ဖို့ ကျပြီ ဆိုရင်တော့ စုံတွဲများအတွက် သတင်းကောင်းပေါ့။

ချစ်သူများ တွေ့ဆုံဖို့ ထီးလည်း လိုအပ်သလို ပန်းခြံတွေလည်း အရေးတကြီး လိုအပ်နေပြီလို့ ဆိုနိုင်ပါတယ်။

ညွှန်း - irrawaddy.org/archives/20565
























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved