ဒဏ်ရာရ သံဃာများကို ဒု ၀န်ကြီး ၂ ဦး တွေ့ဆုံအားပေး

Monday, December 3, 2012

လက်ပံတောင်း သပိတ်စခန်းတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင် ဒါဏ်ရာ
တွေရခဲ့တဲ့ သံဃာတော်တွေကို ကျန်းမာရေးနဲ့ သာသနာရေး ၀န်ကြီးဌာန ၂ ခု က ဒု ၀န်ကြီးတွေ သွား 
ရောက် ဖူးမျှော် အားပေးခဲ့တာကို မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

 လက်ပံတောင်း သပိတ်ဖြိုခွင်းမှုအတွင်း  ဒဏ်ရာ ရရှိသူများကို ဒု ၀န်ကြီး ၂ ဦးသွားရောက် အားပေးနေစဉ်၊ ဓာတ်ပုံ- မြန်မာ့အလင်းသတင်းစာ 
 
ကျန်းမာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာ ၀င်းမြင့်နဲ့ သာသနာရေး ၀န်ကြီးဌာန ဒု ၀န်ကြီး  
ဒေါက်တာ မောင်မောင်ဌေး တို့ ဟာ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မုံရွာပြည်သူ့ဆေးရုံကြီး ကို သွားရောက်ပြီး ထိခိုက်ဒါဏ်ရာရ သံဃာတော်တွေကို ဖူးမြော် အားပေးစကား ပြောခဲ့ပြီး ဆေးရုံကို လည်း ဆေးဝါးတွေ အားဖြည့် ကူညီခဲ့တယ်လို့ သတင်းစာက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါဏ်ရာရတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို တွေ့ဆုံအပြီးမှာ သပိတ် စခန်းကို မလိုအပ်ဘဲ အင်အားသုံးဖြိုခွဲခဲ့တဲ့ ကိစ္စမှာ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူအနေနဲ့ တောင်းပန် သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း ဒေသကြီးက မုံရွာ ခရိုင် ရဲတပ်ဖွဲ့က မုံရွာမှာ သံဃာတော်တွေကို သြ၀ါဒ ခံယူပွဲလုပ် 
ပြီး တောင်း ပန်ပွဲဟန်နဲ့ ဥပဒေ အရသာ လုပ်ဆောင်ခဲ့ရာမှာ သံဃာတော်တွေ ထိခိုက် ဒဏ်ရာရလို့ စိတ်မကောင်းကြောင်း ရဲမှူးကြီးက ပြောပါတယ်။ 

အဲဒီနေ့ က တက်ရောက်လာကြတဲ့ ရဲတွေဟာလည်း သပိတ်ဖြိုခွင်းရာမှာ မပါဝင်ကြသူတွေဖြစ်တယ် လို့ ဒေသံခံတွေက ပြောကြပါတယ်။ 

အကောင်းဆုံးကတော့ တာဝန် ကြီးကြီးယူထားသူတွေက တလေးတစား အမြန်ဆုံး တောင်းပန်လိုက် ရင် နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမှာ မဟုတ်နိုင်တော့ဘူးလို့လည်း မုံရွာမြို့က သက်ကြီး မြို့ခံတွေက မှတ်ချက်ပေးကြပါတယ်။ 
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved